BEC-TERO TV

ခြေထောက်များက ပြောတဲ့ကျန်းမာရေး

30 Oct 2020     1,795 Views


ခြေထောက်အေးခြင်း

 
ရာသီဥတုကြောင့် အမြဲခြေထောက်အေးနေပါက သွေးလျှောက်နည်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါတို့ကြောင့် သွေးလျှောက်နည်းသည်။ ဆီးချိုရောဂါကြောင့်နာ့ဗ်ကြောပျက်စီးသည့် အခါ ခြေထောက် အေးသည်။ သိုင်းရွိုက်ဟော်မုန်းနည်းသည့်ရောဂါ၊ သွေးအားနည်းရောဂါ တို့တွင်လည်း ခြေဖျားအေးသည်။
 

ခြေထောက်နာခြင်း

 
အရိုးကွဲခြင်း၊ အရိုးအက်ခြင်းကြောင့် နာတာရှည်ခြေထောက်နာတတ်သည်။ လေ့ကျင့်ခန်းအလွန်ပြင်းထန်သည့်အခါဖြစ်စေ၊ အရိုးပါးရောဂါကြောင့်ဖြစ်စေ ခြေဖဝါးနာတတ်သည်။
 

ခြေထောက်ရောင်ခြင်း

 
မတ်တပ်ကြာကြာရပ်ခြင်း၊ လေယာဉ်ကြာကြာစီးခြင်းတို့ကြောင့် ဖောရောင်တတ်သည်။ ပြန်ရည်ကြော (lymphatic duct) ပိတ်ခြင်း၊ သွေးခဲပိတ်ခြင်းတို့ကြောင့် ရောင်တတ်သည်။ ကျောက်ကပ်မကောင်းတဲ့အခါ၊ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့အခါမှာလည်း ဖောရောင်တတ်သည်။
 

ခြေထောက်အနာမကျက်ခြင်း

 
ခြေထောက် အနာမကျက်ခြင်းသည် ဆီးချိုရောဂါ၏ လက္ခဏာတစ်ခုဖြစ်သည်။ ဆီးချိုကြောင့် ခြေထောက် ခံစားမှုအားနည်းခြင်း၊ သွေးလှည့်ပတ်မှုနည်းခြင်း၊ အနာမကျက်ခြင်း ဖြစ်စေသည်။ အရည်ကြည်ဖုတစ်ခုသည်ပင် အနာပေါက် ကြီးကြီးမားမား အထိဖြစ်လာတတ်သည်။ ခြေထောက်အနာ ဖြစ်သည့် အလျောက် ရောဂါပိုးလည်း ကူးစက်လွယ်သည်ဖြစ်ရာ ဆီးချိုရောဂါရှိ သူများအနေနှင့် ခြေထောက်ကိုအမြဲသန့်သန့်ရှင်းရှင်းထားပြီး အနာရှိ မရှိနေ့စဉ်စစ်ဆေးသင့်သည်။
 

ခြေထောက်အကြောကပ်ခြင်း

 
ခြေချောင်းများရုတ်တရက်ကပ်ပြီး အကြောများ ထောင်လာခြင်းသည် ကြွက်တက်သောကြောင့်ဖြစ်သည်။ ခြေထောက်အားကို အလွန်အမင်း အသုံးပြုရ၍ဖြစ်စေ၊ ကြွက်သား ညောင်းခြင်းကြောင့်ဖြစ်စေ ခံစားရတတ်သည်။ သွေးလျှောက်နည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း၊ ပိုဆက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင် တစ်မျိုးမျိုးချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
 
Credit:

30 Oct 2020     1,795 Views




RELATED

Most Popular of Health Fix

Most Popular of Life Style