BEC-TERO TV

အဖျားရောဂါအတွက် ဓါတ်စာ

02 Nov 2020     1,456 Views


ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေဝယ့် ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။
 

ဖျားနာချိန်

 
ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေပတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။
 

အဖျားဆေးများ

 
တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။
 

စားသင့်တဲ့ အစားအစာ

 
တုပ်ကွေးနဲ့ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစားအသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင်စိတ် ရှိလာမယ် ဆိုရင် အဖျား သက်သာလာလို့ပါပဲ။ အစားအစာမှာ သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ဖျော်ရည်က အကောင်းဆုံးပါ။ ဖျော်ရည်ဟာ အရသာ ကောင်းမွန်လို့ နေမကောင်းတဲ့ သူကို စားချင် သောက်ချင်စိတ် ဖြစ်ပေါ်လာပြီး ပြန်ပြီး နာလန် ထစေပါတယ်။
 
မကျန်းမာတဲ့ သူတွေဟာ ဗီတာမင်အေ၊ ဗီတာမင်စီတို့ ပါတဲ့ အစားအစာတွေကို စားသင့်ပါတယ်။ ဗီတာမင် တွေမှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ပြီး ဖရီးရယ်ဒီကယ်ကြောင့် ဖြစ်ရတဲ့ ပျက်စီးမှုကို အကာအကွယ် ပေးပါတယ်။ ကိုယ်ခံအားကို မြင့်စေပါတယ်။ နေကောင်း လာသည်နှင့် အမျှ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို အစိမ်းတိုင်း ဖြစ်စေ၊ ချက်ပြုတ်ပြီး ဖြစ်စေ စားနိုင်ပါတယ်။ တရုတ် ဆီးသီး၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီ၊ သရက်သီး၊ ကန်စွန်းဥ၊ ရေကန်စွန်းရွက် တွေမှာ ဗီတာကယ်ရိုတင်း (ဗီတာမင်အေ) နဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီ၊ ရှောက်သီးနဲ့ အခြား အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေမှာ ဗီတာမင်ဒီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူက ရောဂါပိုး ဝင်ရောက်ခြင်းကို တိုက်ဖျက် ပေးတယ်။
 

ဓာတ်စာများ

 
အကြံပြု လိုသည်မှာ အဖျား ကျသည်နှင့် အစာကို အလွယ်တကူ စားဖို့လိုပါတယ်။ ကြော်လှော်တဲ့ အစာ အာဟာရနဲ့ အဆီကို ရှောင်သင့်တယ်။ အသင့် အမြန်စားစနစ် အစားအစာတွေဟာ အစာမကြေ ဖြစ်စေပြီး လူကို ပင်ပန်း စေတယ်။ ရေများများ သောက်ရမယ်။ သစ်သီး ဖျော်ရည်၊ ဆေးဖက်ဝင် အပင်နဲ့ ဖျော်စပ် ထားတဲ့ လက်ဖက်ရည်ကို နေ့စဉ် သောက်သုံး သင့်တယ်။ ကဖင်းဓာတ် ပါတဲ့ ကိုလာ အချိုရည်တွေ မသောက် သင့်ပါဘူး။ ။
 
Credit: ဒေါက်တာ လွင်သန့် (ဆေး-၂)

02 Nov 2020     1,456 Views




RELATED

Most Popular of Health Fix

Most Popular of Life Style