ခုတင်(၃၀၀)ဆံ့ Covid-19 ရောဂါ ကုသရေးဌာန (မန္တလေး) ဧရာဝတီစင်တာ တည်ဆောက်မှု (၇၅) ရာခိုင်နှုန်းခန့် ပြီးစီး
03 Nov 2020 1,530 Views

မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းအတွင်း Covid-19 ရောဂါ အတည်ပြု လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တည်ဆောက်လျက် ရှိသည့် ခုတင်(၃၀၀)ဆံ့ Covid-19 ရောဂါ ကုသရေးဌာန (မန္တလေး) ဧရာဝတီစင်တာ တည်ဆောက်မှု (၇၅) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီစင်တာအတွင်း အဆောင် (၃)ဆောင်နှင့် Test and Care Center တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရေးပစ္စည်းများ အားလုံးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ ရောက်ရှိနေပြီဖြစ်၍ နိုဝင်ဘာလ( ၅) ရက်နေ့၊ ညနေတွင် အဆောင်(A) နှင့် (B) အား စတင်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ဧရာဝတီစင်တာအတွက် တာဝန်ထမ်းဆောင်ရန် ဆေးဘက်ဆိုင်ရာ ဆရာဝန် အင်အား (၅၀)ခန့်နှင့် Volunteer အင်အား (၁၅၀)ခန့် လျာထားပြီး တာဝန်ထမ်းဆောင်မည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့များ အတွက် သင်တန်းပေးလျက်ရှိကြောင်း သိရှိရသည်။
MRTV