BEC-TERO TV

တူရကီနှင့်ဂရိငလျင်ကြောင့် လူ(၈၁)ဦးသေဆုံးကြောင်း အတည်ပြု

03 Nov 2020     1,376 Views


တူရကီနဲ့ ဂရိအာဏာပိုင်တွေက သောကြာနေ့က Aegean ပင်လယ်မှာ အင်အားပြင်း ငလျင် လှုပ်ခဲ့ပြီးနောက် လူပေါင်း ၈၁ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုခဲ့ကြောင်း ပြောပါတယ်။ ပြင်းအား ၇ အဆင့်ရှိတဲ့ငလျင်နဲ့ ဆူနာမီတို့ကြောင့် တူရကီနိုင်ငံမှာ လူ ၇၉ ဦး သေဆုံးပြီး၊ ၉၆၂ ဦး ဒဏ်ရာရခဲ့တယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။

ဂရိအာဏာပိုင်တွေကလည်း သူတို့နိုင်ငံမှာ သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၁၉ ဦးရှိကြောင်း ပြောပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံတွေရဲ့ အပျက်အစီးတွေအောက်မှာ ပိမိနေတဲ့ လူတွေကို ရှာဖွေမှုနဲ့ ကယ်ဆယ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ သင်္ဘော ၂၂ စင်း နစ်မြုပ်ခဲ့ပြီး၊ တခြား ၄၃ စင်း သောင်တင်နေကြောင်း တူရကီအစိုးရက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

Source – NHK MRTV


03 Nov 2020     1,376 Views




RELATED

Most Popular of International News

Most Popular of NEWS