BEC-TERO TV

ထိုင်းတွင် ၂ ရက်အတွင်း ကြောင်အကောင်ရေ ၁၀၀ ကျော်သေဆုံးခဲ့

03 Nov 2020     2,039 Views


ထိုင်းနိုင်ငံ၊ စရာဘူရီစီရင်စု၊ ဖရာ့ဗုဒ္ဓဘတ်မြို့မှ ရွာသားများရဲ့ အိမ်မွေးကြောင်တော်တော်များများသည် အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ၂ ရက်အတွင်းမှာပင် အကောင်ရေ ၁၀၀ ကျော်ခန့် အကြောင်းမဲ့သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကြောင်များသေဆုံးမှုနှင့်ပတ်သက်ပြီး အကြောင်းရင်းရှာဖွေစစ်ဆေးရန် ခရိုင်မွေးမြူရေးဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းလေ့လာခဲ့ပါတယ်။

ဓါတ်ခွဲခန်းတွေမှာ စပ်းသပ်စစ်ဆေးဖို့ ကြောင်အသေကောင် ၁၀ ကောင်ကိုယူပြီး ၁၀ ရက်နေမှအဖြေမှန်သိရမယ်လို့ ဆိုထားပါတယ်။ လက်ရှိကနဦးအခြေအနေတွင် ကြောင်များ၌ထိုးသွင်းသော ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး မလုံလောက်သောအကြောင်းနှင့် မွေးမြူရေးဦးစီးဌာနမှာလည်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးများသာရှိကြောင်း ဆိုထားပါတယ်။

မိုးအကုန်ဆောင်းအကူးလိုကာလတွေမှာ ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးမထိုးရတဲ့ ရောဂါခုခံအားနိမ့်တဲ့ကြောင်တွေဟာ ရုတ်တရက်သေဆုံးမှု အလွယ်တကူဖြစ်နိုင်တယ်လို့ဆိုပြီး၊ အကယ်၍သာ ကြောင်တွင် ကြောင်တုပ်ကွေးရောဂါကူးစက်ခံရလျှင် အများစုကတော့ သေဆုံးကြတယ်လို့ ဆိုပါတယ်။ သို့သော် ဒီရောဂါဟာ လူနှင့်တရိစ္ဆာန်များအကြားမကူးစက်နိုင်၍ အားလုံးမစိုးရိမ်ပါနဲ့လို့ လည်း ဆိုထားပါတယ်။

#popolay #popolaytv #popolaynews


03 Nov 2020     2,039 Views




RELATED

Most Popular of International News

Most Popular of NEWS