BEC-TERO TV

နေပြည်တော်သို့ တရားမဝင်ဖြတ်လမ်းမှလာရောက်သူ တစ်ပတ်လျှင် ၆ဝ နီးပါးခန့်ရှိဟုဆို

04 Nov 2020     1,552 Views


နေပြည်တော်သို့ တရားမဝင်ဖြတ်လမ်းများမှတစ် ဆင့် ဝင်ရောက်နေသူ တစ်ပတ် လျှင် လူ ၆ဝ ခန့်ရှိကြောင်း နေ ပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာမြတ်ဝဏ္ဏ စိုးက ပြောသည်။ ‘‘တစ်ပတ်ကို ၅ဝ၊ ၆ဝ လောက်တော့ အသာလေးပဲ။ ဒီလို တစ်ယောက်၊ နှစ်ယောက်မိ တာမဟုတ်ဘူး၊ မိရင် အုပ်လိုက် အုပ်လိုက်တွေမိတာ။ မိရင် ကျွန် တော်တို့ကလည်း လက်ခံတဲ့အိမ် ကို Contact လည်းထည့်တယ်’’ ဟု ၎င်းကဆိုသည်။

ထို့အပြင် တရားမဝင်လာ ရောက်သူများအား ပို့ဆောင်ပေး သည့် ဆိုင်ကယ်ကယ်ရီသမားများ နှင့် ကားသမားများကိုလည်း ကွာ ရန်တင်းနှစ်ပတ်ထားရှိပြီး အသွား အလာကန့်သတ် စောင့်ကြည့်ခံရ ၍ သီးခြားဥပဒေဖြင့် အရေးယူ ခြင်းမရှိသေးကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။ ထိုသို့ ခိုးဝင်ရောက်လာသူ အများစုမှာ အခြား တိုင်းနှင့် ပြည် နယ်များသို့ ရောက်ရှိနေကြသည့် နေပြည်တော်ဒေသခံများ ဖြစ်သည်။

နေပြည်တော်သို့ တရားမ ဝင်လာရောက်သည့် အဓိကဖြတ် လမ်းများမှာ အမြန်လမ်း မိုင်တိုင် (၂ဝဝ)၊ တပ်ကုန်းမြို့နယ်နှင့် ရေနီပတ်ဝန်းကျင်ရှိ ဖြတ်လမ်း များဖြစ်သည်ဟုဆိုသည်။ နေပြည်တော်သို့ တရား မဝင်လာရောက်ရာတွင် အဓိက ကျသည့် အဝင်ဂိတ်များ၌ ဆိုင် ကယ်များနှင့် သုံးဘီးယာဉ်များ မလာရောက်ရန် ညွှန်ကြားထား ပြီး လာရောက်ပါက ဒဏ်ကြေး ပေးဆောင်ခိုင်းပြီး ကွာရန်တင်း ဝင်ရမည်ဖြစ်ကြာင်း နေပြည် တော်ကောင်စီဝင် ဦးတင်မြင့် ထွန်းက ပြောသည်။

သတင်း - ရဲနိုင်/7 Day News


04 Nov 2020     1,552 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS