BEC-TERO TV

အဖြစ်များသည့် သွေးအားနည်းရောဂါများ

05 Nov 2020     1,387 Views


(၁) သံဓါတ်ချို့တဲ့ သွေးအားနည်း ရောဂါ (iron deficiency anaemia)

 
အဖြစ်အများဆုံးသွေးအား နည်းရောဂါဖြစ်ပြီး ရာသီသွေးအမြောက်အမြားပေါ်ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ကြီးကောင်ဝင်ချိန်တွင် အာဟာရချို့တဲ့ခြင်း၊ လိပ်ခေါင်းကဲ့သို့ နာတာရှည်သွေးယိုစိမ့်ခြင်းများကြောင့် သံဓါတ်ချို့တဲ့လေ့ရှိသည်။ အစာအိမ်နာ၊ အစာအိမ်ရောင်ခြင်းများကြောင့် သွေးယိုစိမ့်ခြင်း၊ အစာအိမ်ဖြတ်တောက်ထားခြင်းကြောင့် သံဓါတ်စုပ်ယူမှုအားနည်းခြင်းတို့ တွင်လည်း သံဓါတ်ချို့တဲ့တတ်သည်။ သံဓါတ်အလုံအလောက်ပေးသွင်းကုသခြင်းဖြင့် သက်သာပျောက်ကင်း စေသည်။
 

(၂) သွေးဆဲလ်ချို့တဲ့ သွေးအားနည်း ရောဂါ (aplastic anaemia)

 
ပိုးသတ်ဆေး၊ ဓါတ်ရောင်ခြည်၊ ဓါတုကုထုံး၊ ဗိုင်းရပ်စ်၊ သွေးလေးဘက်နာ ရောဂါများကြောင့် ရိုးတွင်း ခြင်ဆီထိခိုက်ပြီး သွေးဆဲလ်များအလုံအလောက် မထုတ်နိုင်ဘဲ သွေးအားနည်းတတ်သည်။ သွေးသွင်းခြင်း၊ ရိုးတွင်းခြင်ဆီအစားထိုးခြင်းတို့ဖြင့် ကုသနိုင်ပြီး ရောဂါဖြစ်ရသည့် အကြောင်းရင်းကိုပါ ရှာဖွေကုသရန် လိုသည်။
 

(၃) သွေးဆဲလ်ပျက်ယွင်း သွေးအားနည်း ရောဂါ  (hemolytic anaemia)

 
သွေးဆဲလ်ပုံသဏ္ဌာန် မမှန်ခြင်း၊ ဟေမိုဂလိုဘင်ချွတ်ယွင်းခြင်း၊ သွေးဆဲလ်မျက်နှာပြင်တောင့်တင်းမှုအားနည်းခြင်းတို့ကြောင့် သွေးဆဲလ်များ ပျက်စီးမှုလွန်ကဲကာ သွေးအားနည်းတတ်သည်။ သွေးသွင်းခြင်း၊ ဆေးဝါးကုသခြင်း၊ ခွဲစိတ်ခြင်း၊ ရိုးတွင်းခြင်ဆီအစားထိုးခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ကုသနိုင်သည်။
 

(၄) ဗိုက်တာမင်ချို့တဲ့ သွေးအားနည်း ရောဂါ (pernicious anaemia)

 
ဗိုက်တာမင်မစုပ်ယူနိုင်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ သန်ထခြင်း တို့ကြောင့် ဗိုက်တာမင် B12  ချို့တဲ့ ပြီး သွေးအားနည်းရောဂါခံစားရသည်။ ဗိုက်တာမင် B12 ပေးသွင်း ၍ကုသနိုင်သည်။
 
Credit:

05 Nov 2020     1,387 Views




RELATED

Most Popular of Health Fix

Most Popular of Life Style