BEC-TERO TV

နို့စို့ကလေးများတွင်ဖြစ်တတ်သော ဝမ်းချုပ်သည့်ပြဿနာ

09 Nov 2020     1,478 Views


 မိခင်နို့ဟာ နို့စို့ကလေးငယ်တွေအတွက် အလွယ်တကူ အစာခြေနိုင်ပါတယ်။ အမှန်မှာတော့ သူက သဘာဝဝမ်းနုတ်ဆေးတောင် ဖြစ်နေပါသေးတယ်။ ဒါကြောင့် မိခင်နို့တစ်မျိုးတည်းတိုက်တဲ့ ကလေးငယ်တွေမှာ ဝမ်းချုပ်တယ်ဆိုတာ အလွန်ရှားပါတယ်။ ဒါပေမယ့်လည်း ဒီလိုပြောလိုက်လို့ လုံးဝမချုပ်ဘူးဆိုတာတော့ မဟုတ်ပါဘူး။
 

နို့စို့ကလေးများ ဝမ်းချုပ်သည့်အခါတွင် ပြတတ်သည့်လက္ခဏာများ

 
          နို့စို့ကလေးငယ်တွေမှာ တစ်နေ့တစ်ကြိမ် ဝမ်းမသွားတာ၊ သုံးရက် တစ်ကြိမ် ဝမ်းသွားတာလိုမျိုး ဝမ်းသွားတဲ့ အကြိမ်အရေအတွက်က ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့မရပါဘူး။ ကလေးငယ်က ဝမ်းသွားနေစဉ်အတွင်း အလွန်ညှစ်ရတဲ့ပုံစံရှိနေပါမှ ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ ဒါ့အပြင် အောက်ပါလက္ခဏာတွေရှိနေခဲ့ရင်လည်း ကလေးငယ်မှာ ဝမ်းချုပ်နေပါပြီ။
 
-  ကလေးငယ်တွေမှာ ဝမ်းဗိုက်တင်းကျပ်ပြီး ဖောင်းကားနေရင်
 
-  မစင်တုံးက စမြင်းတုံးလို မာကျောနေရင်
 
- ဝမ်းသွားနေစဉ် အလွန်အမင်း ငိုနေရင်
 
-  နို့စို့ချင်စိတ်မရှိရင်
 
များသောအားဖြင့် နို့စို့ကလေးငယ်တွေက အဖတ်စာမကျွေးခင်အထိ ဝမ်းချုပ်ခဲပါတယ်။ ကလေးငယ် ခြောက်လပြည့်ပြီး အဖတ်စာ စတင်ကျွေးတဲ့အချိန်မှ ဝမ်းချုပ်လေ့ရှိကြပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာကို ပိုမိုဖြစ်ပေါ်နိုင်တဲ့ တချို့အစားအစာတွေကို ရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
 
ထမင်း
 
          ထမင်းက အူထဲမှာရှိတဲ့ရေတွေကို စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ဝမ်းကကျစ်သွားပြီး ဝမ်းသွားရခက်ခဲသွားနိုင်ပါတယ်။ ဒါက သင့်ကလေးငယ်တွေကို ထမင်းစတင်ကျွေးလို့ ဝမ်းချုပ်တဲ့လက္ခဏာရှိရင် အုတ်စပါးပြောင်းကျွေးပါ။
 
နွားနို့
 
          နွားနို့ကို များသောအားဖြင့် တစ်နှစ်ပြည့်မှ စတင်တိုက်ကျွေးသင့်ပါတယ်။
 
ငှက်ပျောသီး
 
          ငှက်ပျောသီးကလည်း နို့စို့ကလေးငယ်တွေမှာ ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကိုချေပြီး ရေနဲ့ဖျော်စပ်တိုက်ကျွေးပါ။
 
အမျှင်ဓာတ်ပါဝင်မှုနည်းသော အစားအစာ
 
          ပေါင်မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှု နည်းပါးတဲ့အတွက်ကြောင့် ဝမ်းသွားရခက်ခဲသွားနိုင်ပါတယ်။
 
ဒါ့အပြင် အောက်ပါအကြောင်းအရာတွေကြောင့်လည်း ကလေးငယ်မှာ ဝမ်းချုပ်နိုင်ပါတယ်။
 
ကလေးကို ရေလုံလုံလောက်လောက်မတိုက်ခြင်း
 
          ကလေးငယ်ကို အဖတ်စာစတင်မကျွေးခင်မှာ မိခင်နို့ကို ရအောင်တိုက်ပေးပါ။ အရည်များများသောက်တာကြောင့် ကလေးငယ်တွေက ဝမ်းသွားဖို့ လွယ်ကူသွားနိုင်ပါတယ်။
 
စိတ်ဖိစီးမှုများခြင်း
 
          ခရီးထွက်ရတာ ဒါမှမဟုတ် ပူလွန်းတဲ့ရာသီဥတုတွေကြောင့် ကလေးငယ်တွေမှာ စိတ်ဖိစီးမှုများလာပြီး ဝမ်းချုပ်နိုင်ပါတယ်။
 
ဖျားနာခြင်း
 
          အစာအိမ်ထဲမှာ ရောဂါပိုးဝင်တာကြောင့် ပျို့တာ၊ အန်တာ၊ ဝမ်းပျက်တာတွေဖြစ်လာပြီးနောက်ပိုင်းမှာ ရေဓာတ်ချို့တဲ့တာနဲ့ ဝမ်းချုပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါကြောင့်လည်း ကလေးက နှာပိတ်နေတဲ့အတွက် အစာစားချင်စိတ်တွေ လျော့နည်းလာနိုင်ပါတယ်။ အရည်ဓာတ်ရရှိမှု နည်းပါးလာတာကြောင့် ဝမ်းချုပ်နိုင်ပါတယ်။
 
ကျန်းမာရေးအခြေအနေ
 
          အူလမ်းကြောင်းအတွင်း ပုံမှန်လို ကျန်းမာရေးပြဿနာတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်။
 

နို့တိုက်မိခင်စားသုံးတဲ့ အစားအစာတွေကြောင့် ကလေးငယ်တွေမှာ ဝမ်းချုပ်နိုင်ပါသလား...?

 
          နို့တိုက်တဲ့ မိခင်တွေ စားသုံးတဲ့အစားအစာကြောင့် မိမိကလေးမှာ ဝမ်းမချုပ်နိုင်ပါဘူး။ လေပွတာတွေ၊ အမျှင်ဓာတ်တွေက မိခင်ကနေ ကလေးငယ်ဆီကို ရောက်ရှိသွားတာ မဟုတ်ပါဘူး။ ဒါ့အပြင် ခရမ်းချဉ်သီးနဲ့ အချဉ်တွေစားတာတွေကြောင့် အက်စစ်ဓာတ်တွေကလည်း ကလေးဆီကို မရောက်ရှိနိုင်ပါဘူး။ မိခင်နို့ဟာ သွေးထဲကနေတစ်ဆင့် ဖြစ်လာတာပါ။ အူလမ်းကြောင်းကနေ ဖြစ်လာတာမဟုတ်တဲ့အတွက်ကြောင့် နို့တိုက်မိခင်တွေအနေနဲ့ မိမိစားချင်တဲ့ အစားအစာတွေကို အသင့်အတင့် စားသုံးနိုင်ပါတယ်။
 

ကလေးဝမ်းချုပ်တာ ကာကွယ်နိုင်အောင်နဲ့ ဝမ်းချုပ်နေစဉ်အတွင်း သက်သာစေအောင်

 
          ကလေးငယ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်တွေပိုမိုပါဝင်ပါစေ။ သင့်ကလေးငယ်ကို အဖတ်စာစတင်ကျွေးတဲ့အခါမှာ ထမင်းကျွေးမယ့်အစား အမျှင်ဓာတ်ပိုမိုပါဝင်တဲ့ အုတ်စပါး၊ ကွေကာလိုမျိုး အစားအစာတွေကို ကျွေးပါ။ ဟင်းသီးဟင်းရွက်တွေကို စတင်ကျွေးတဲ့အခါမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတဲ့ ပဲနီလေးလိုမျိုးအရာတွေကို ထည့်ကျွေးပါ။
 
ကလေးငယ်ရဲ့ခြေထောက်ကို အရှေ့အနောက်ရွှေ့ပေးပါ
 
          ကလေးငယ်တွေ စက်ဘီးစီးသလိုမျိုးပဲ သူတို့ခြေထောက်တွေကို နောက်ကိုရွှေ့လိုက်၊ ရှေ့ထုတ်လိုက် ပုံစံမျိုးလုပ်ပေးပါ။ ဒါ့အပြင်သူတို့ရဲ့ ဝမ်းဗိုက်ထဲမှာ ကစားစရာလေးတွေကို ထည့်ပေးထားရင်လည်း အဲဒီအရုပ်တွေကို ဆွဲထုတ်ဆော့ကစားရင်းနဲ့ ဝမ်းလှုပ်ရှားမှုတွေ ဖြစ်လာနိုင်ပါတယ်။
 
ကလေးဝမ်းဗိုက်ကို အသာအယာနှိပ်ပေးပါ
 
           ကလေးငယ် ချက်အောက်နေရာကနေ စတင်ပြီး ဝမ်းဗိုက်ကို စက်ဝိုင်းပုံစံ တစ်မိနစ်လောက်နှိပ်ပေးပါ။
 

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြမလဲ...?

အောက်ပါ အချက်အလက်တွေဖြစ်ပေါ်နေရင် ကလေးကို ဆရာဝန်နဲ့ ပြသပေးပါ။
 
- ဝမ်းချုပ်တာအတွက် အထက်ဖော်ပြပါနည်းလမ်းတွေနဲ့ မသက်သာခဲ့ရင်
 
- ဝမ်းချုပ်တာကြောင့် ကလေးနေရထိုင်ရခက်နေရင်
 
- ကလေးကို ဘာကျွေးကျွေးမစားဘဲနေရင်
 
- ကလေးငယ်မှာ အဖျားရှိရင်
 
-  ကလေးငယ်အန်နေရင်
 
-  ကလေးဝမ်းဗိုက်မာကျောပြီး ရောင်ရမ်းနေရင်
 
သင့်ကလေးငယ်ကို ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပြီး လိုအပ်ရင် အူထဲမှာ ပိတ်ဆို့မှု ရှိ မရှိ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်က ဝမ်းချူတောင့်ပေးပါလိမ့်မယ်။
 

သတိပြုရန်

          သင့်နို့စို့ကလေးငယ်တွေကို မိမိသဘောနဲ့မိမိ ဝမ်းနုတ်ဆေးတိုက်တာ၊ ဝမ်းချူတာတွေကို ဘယ်တော့မှ မပြုလုပ်မိပါစေနဲ့။
 
Credit:

09 Nov 2020     1,478 Views




RELATED

Most Popular of Health Fix

Most Popular of Life Style