BEC-TERO TV

COVID-19 ရောဂါသက်သာပျောက်ကင်းသွားသူ ၇၀ ရာခိုင်နှုန်းရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

10 Nov 2020     1,776 Views


တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် COVID-19 ရောဂါ သက်သာပျောက်ကင်းသွားသူ ၇၀ ရာခိုင်နှုန်းရှိနေကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်သော ရောဂါဖြစ်ပွား မှုအခြေအနေ အစီရင်ခံစာအရ သိရသည်။ ယင်းအစီရင်ခံစာအရ မတ်လ ၂၃ ရက်မှ နိုဝင်ဘာ ၃ ရက်အထိပိုးတွေ့လူနာ ၅၅,၈၀၄ ဦးရှိသည့်အနက် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံဆင်းခွင့်ရရှိသွားသူဦးရေ မှာ ၃၉,၀၆၃ ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။

ရောဂါပျောက်ကင်း၍ ဆေး ရုံဆင်းခွင့်ရရှိသူများ၏ နောက်ဆက်တွဲကျန်းမာရေးအခြေအနေ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်များက ဆက်လက်ကြည့်ရှုပေး ခြင်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။ ‘‘သူတို့တွေသည် ဆေးရုံမှာလည်း သတ်မှတ်ရက်နေပြီးသွား ပြီ။ ကွာရန်တင်းမှာလည်း သတ် မှတ်ရက်နေပြီးသွားပြီ သူတို့ဆီကနေတစ်ဆင့် မကူးနိုင်တော့ပါ ဘူး။ လုပ်ငန်းခွင်ထဲ ပြန်ဝင်လို့ရ ပါပြီ။

သို့သော်လည်း ဒီလူတွေသည် မျက်နှာအကာတော့ တပ်ရ မယ်၊ နှာခေါင်းစည်းတပ်ရမယ်၊ ခပ်ခွာခွာနေရမယ်၊ လက်ဆေးရ မယ်ဆိုတဲ့ အများပြည်သူ ကျင့်သုံးတဲ့ ရောဂါကာကွယ်ရေးနည်းစနစ် တွေကိုတော့ ဆက်လက်ကျင့်သုံး ရဦးမှာ ဖြစ်ပါတယ်’’ဟု ကိုဗစ်အကြောင်း အမေးအဖြေအစီအစဉ် တွင် နည်းပညာဆိုင်ရာကူညီပံ့ပိုး အကြံပြုအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာထင်အောင်စောက ပြောသည်။ ထို့အပြင် အဆိုပါအစီရင်ခံစာအရ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် သေဆုံးသူဦးရေမှာ ၁,၃၀၇ ဦးရှိကာ ရာခိုင်နှုန်းအား ဖြင့်ဆိုသော် ၂ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း ဖော်ပြထား သည်။ သေဆုံးမှု အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး သေဆုံးသူ ၁,၂၅၀ ဦးအထိရှိသည်။ ပိုးတွေ့မှုအများ ဆုံးမှာလည်း ရန်ကုန်တိုင်း ဖြစ်ပြီး ပိုးတွေ့သူ ၄၃,၄၃၄ ဦး ဖြစ်သည်။

သတင်း - ယမင်း/7 Day News

ဓာတ်ပုံ - အင်းယားစင်တာ


10 Nov 2020     1,776 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS