BEC-TERO TV

ကိုဗစ်-၁၉ ရောဂါကြောင့် ဂျပန်နိုင်ငံ၌ အလုပ်အကိုင် ခုနစ်သောင်းကျော် ဆုံးရှုံး

10 Nov 2020     1,671 Views


ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံတွင် ဇန်နဝါရီလမှ နိုဝင်ဘာ ၆ ရက်အထိ အလုပ်အကိုင် ခုနစ်သောင်းကျော်ဆုံးရှုံးခဲ့ပြီး တကယ့်လက်တွေ့ အခြေအနေတွင် ယခုပမာဏထက် ပိုမိုများပြားနိုင်ကြောင်း ဂျပန် အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းရှင်များ၏ စီးပွားရေးကျဆင်းလာမှု ကြောင့် လုပ်သားများအား စာချုပ်သက်တမ်း ရပ်စဲပစ်ခြင်း၊ အလုပ်မှ ထုတ်ပယ် ခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် အလုပ်လက်မဲ့နှုန်း သိသိသာသာမြင့်တက် လာခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါအရေအတွက်သည် အလုပ်သမားဗျူရိုနှင့် ပြည်သူ့အလုပ်အကိုင်နေရာချထားရေးရုံးတို့၏ စာရင်းများအရ ဖြစ်သောကြောင့် တကယ့်လက်တွေ့အခြေအနေတွင် လုပ်သားများ၏ အလုပ်အကိုင်ဆုံးရှုံးမှု အရေအတွက်မှာ ယခုထုတ်ပြန်ခဲ့သည်ထက် ပိုမိုများပြားနိုင်မည်ဟု ခန့်မှန်း ရသည်။ အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အဆိုးရွားဆုံးထိခိုက်မှုရှိခဲ့ကာ အလုပ်အကိုင် ၁၂၉၇၉ အထိ လျှော့ချပစ်ခဲ့သည်။

လက်လီအရောင်းဆိုင်မှ ဝန်ထမ်း ၉၃၇၈ ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုမှ လုပ်သား ၈၆၁၄ တို့သည်လည်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည်။ လုပ်ငန်းရှင်များအနေဖြင့် အစိုးရက ချထားပေးသည့် ထောက်ပံ့ရေး အစီအစဉ်ကို ရယူထားသောကြောင့် လုပ်သားများကို အလုပ်မှမထုတ်ပယ်ဘဲ ဆက်လက်ထိန်းထားရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - မေလဲ့သင်း/The Mirror


10 Nov 2020     1,671 Views




RELATED

Most Popular of International News

Most Popular of NEWS