BEC-TERO TV

အင်ဒိုရှိ ကောလိပ်ကျောင်းသားများပညာသင်ခ ငွေအစား အုန်းသီးနှင့်အခြားခြံထွက်ပစ္စည်းများနှင့် အခကြေးပေးဆောင်နိုင်

10 Nov 2020     1,576 Views


ငွေကို ဘယ်သူမဆို ရချင်တယ်၊ ဒါပေမယ့် ငွေမရရင်လည်း တခြားအစားယူလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ငွေအဖြစ်ပြောင်းလဲပေးလို့ရတဲ့အရာတွေဟာ ဒီကမ္ဘာမြေပေါ်မှာအများကြီးရှိနေပါတယ်။ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ ကျန်းယာမြို့ရှိ The Venus One Tourism ခရီးသွားကောလိပ်မှာ ပညာသင်ကြားနေသော ကျောင်းစရိတ်အဆင်မပြေသော ကျောင်းသားကျောင်းသူများအား ကျောင်းစရိတ်အခကြေးငွေပေးဆောင်ရန် ငွေအစား အုန်းသီး၊ မြင်းခွာရွက်နှင့် အခြားခြံထွက်ပစ္စည်းများတို့ကို ပေးချေဆောင်ရွက်ပေးသွားနိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါကောလိပ်အရာရှိတစ်ဦး၏ပြောကြားချက်တွင် ၎င်းတို့ပြုလုပ်ရခြင်းမှာ ဒေသခံအများစုက စိုက်ပျိုးရေးမိသားစုများဖြစ်ပြီး ငွေရေးကြေးရေးချို့တဲ့ တဲ့ကလေးများရဲ့ပညာရေးကို တစ်ဝက်တစ်ပျက်ဖြစ်မသွားအောင်နှင့် ဒေသထွက်စိုက်ပျိုးသီးနှံများကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးတဲ့ ရည်ရွယ်ချက်ဖြင့်သာ စီစဉ်ဆောင်ရွက်ပေးတယ်လို့ ဆိုထား ပါတယ်။ ရရှိလာသောကုန်ကြမ်းပစ္စည်းများ အုန်းသီးနှင့်အခြားခြံထွက်သီးနှံများတို့ကို အုန်းဆီစစ်စစ်၊ ဆေးဖက်ဝင်ဆပ်ပြာခဲ အစရှိတဲ့ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများအဖြင့်ပြုပြင်ဖန်တီးပြီး ကောလိပ်အတွင်း၌သာပြန်လည်ရောင်းချကာ ရရှိလာသောငွေများကို ကောလိပ်ရန်ပုံငွေအဖွဲ့အစည်းအသီးသီးတွေမှာ ပြန်လည်အသုံးချပေးသွားတာပဲဖြစ်ပါတယ်။

#popolay #popolaytv #popolaynews


10 Nov 2020     1,576 Views




RELATED

Most Popular of International News

Most Popular of NEWS