BEC-TERO TV

ကားမတော်တဆကြောင့် ၂ လကြာသတိမေ့သွားတဲ့လူနာ ကြက်ကြော်ကြောင့် သတိပြန်ရလာ

10 Nov 2020     1,665 Views


ကားမတော်တဆမှုတစ်ခုကြောင့် ၂ လကြာသတိလစ်မေ့မြောသွားသော လူငယ်အမျိုးသားတစ်ဦးဟာ ကြက်ကြော်ကြောင့် သတိပြန်ရလာတဲ့ အံ့သြဖွယ်အကြောင်းအရာတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်ဝမ်မြောက်ဘက်၊ ဆင်ချူးပြည်နယ်ရှိ လွန်ခဲ့သော ဇူလိုင်လတွင် Chiu အမည်ရှိ အသက် ၁၈ အရွယ်အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်စီးနေစဉ် မတော်တဆမှုတစ်ခုဖြစ်ပွား၍ ဒဏ်ရာအပြင်းအထန်ရရှိကာ ဝမ်းဗိုက်တွင်းသွေးယိုစိမ့်တာ၊ ကိုယ်တွင်းအင်္ဂါတော်တော်များများပျက်စီးသွားတာကြောင့် သူဟာ ၆၂ ရက်တိတိ သတိမရဘဲမေ့မြောနေခဲ့ပါတယ်။

သူဆေးရုံမှာဆေးကုသနေစဉ် ခွဲစိတ်မှုအကြိမ်ပေါင်းများစွာပြုလုပ်ပေးရပြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဆင့်သတ်မှတ်ထားသော သူ့ကို မိသားစုများက အမြန်ဆုံးပြန်သက်သာလာအောင် ဆုတောင်းပေးနေကြပါတယ်။ မိသားစုဝင်များ ပုံမှန်လာလည်နေသောတစ်နေ့မှာတော့ အစ်ကိုဖြစ်သူက လူနာကုတင်နားသွားပြီး “ငါ့ညီရာ ငါ အခု မင်းကြိုက်တဲ့ကြက်ကြော် ငါစားနေတယ်” လို့အမှတ်တမဲ့ပြောလိုက်မိရာ သူအဲ့လိုကြားလိုက်တဲ့နောက် မထင်မှတ်တဲ့အံ့သြဖွယ်ဖြစ်ရပ်တစ်ခု ရုတ်တရက်ကြီးဖြစ်ပေါ်လာပါတယ်။

နှလုံးခုန်နှုန်းနှင့်သွေးခုန်နှုန်းဟာ ပိုမိုမြန်ဆန်လာပြီး၊ စည်းချက်ပိုညီလာခဲ့ပြီး ထို့နောက် ဖြေးဖြေးချင်း သတိတွေပြန်ရလာပြီး ကုသမှုအဆင့်ဆင့်ဆက် ခံယူကာ အားလုံးသက်သာပျောက်ကင်းသွားပြီးမှ ဆေးရုံဆင်းသွားပါတယ်။ သူပုံမှန်နေပြန်ကောင်းသွားတဲ့အချိန်မှာ ဆေးရုံသို့အလည်ပြန်လာပြီး သူ့ကို ဆေးကုသပေးတဲ့၊ အထူးဂရုစိုက်ပေးကြတဲ့ ဆရာဝန်/မများနှင့် ကျန်းသားရေးဝန်ထမ်းများအားလုံးကို ကျေးဇူးတင်စကားပြောသွားခဲ့ပါတယ် ။

#popolay #popolaytv #popolaynews


10 Nov 2020     1,665 Views




RELATED

Most Popular of International News

Most Popular of NEWS