BEC-TERO TV

ဝက်ခြံပုန်းများအတွက် သဘာဝကုသနည်းများ

10 Nov 2020     1,495 Views


ဝက်ခြံပုန်းတွေကို အိမ်မှာအလွယ်တကူ ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အန္တရာယ်လည်းကင်းပြီး ပြုလုပ်ရလည်း လွယ်ကူစေမယ့် နည်းလမ်းတွေ ဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။ သင့်အတွက် လွယ်ကူမယ့်နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြည့်ပါ။
 

ပျားရည်နှင့် နွားနို့

 
ပျားရည်မှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝအာနိသင်တွေ ပါဝင်ပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး နို့က ရေဓာတ်ကို ရရှိစေတာကြောင့် နှစ်မျိုးပေါင်းလိုက်ရင် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။ 
 
လိုအပ်တာက
 
ပျားရည်တစ်ဇွန်း၊ နို့တစ်ဇွန်းနဲ့ ဂွမ်းဖတ်လေးအနည်းငယ် လိုအပ်ပါတယ်။
 
ပြုလုပ်နည်း
 
ပျားရည်နဲ့ နို့ကိုရောပြီး ၁၀ စက္ကန့်အပူပေးပါ။ သင်ခံနိုင်တဲ့ အပူချိန်လောက်ထိ ခဏအအေးခံထားပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ဂွမ်းစကို အရည်ထဲစိမ်လိုက်ပြီး ပြန်ဆယ်ယူလိုက်ကာ ဝက်ခြံတွေပေါ်မှာ ဖုံးအုပ်ထားလိုက်ပါ။ မိနစ်၂၀ လောက်ထားပြီးမှ ဖယ်ရှားကာ မျက်နှာသစ်လိုက်ပါ။
 

ကြက်ဥအကာ

 
အရေပြားအတွက် အာဟာရတွေပါဝင်တဲ့ ကြက်ဥဟာ အရေပြားခြောက်သွေ့တာနဲ့ ဝက်ခြံပုန်းတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။
 
ပြုလုပ်နည်း
 
ကြက်ဥကို ပန်းကန်လုံးထဲ ခွဲထည့်လိုက်ပြီး အနှစ်ကို သီးသန့်ဖယ်ထားလိုက်ပါ။ အကာကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး၊ အပေါ်ကနေ တစ်သျှူးကို ကပ်လိုက်ပါ။ တစ်သျှူးစပေါ်မှာ ကျန်သေးတဲ့ အကာတွေကို ထပ်သုတ်လိမ်းပါ။ လက်ချောင်းတွေနဲ့ မျက်နှာပေါ်မှာ သေချာကပ်အောင် ပွတ်သပ်ပေးပါ။ မျက်နှာပေါ်က တစ်သျှူးစ ခြောက်သွားချိန်မှ ခွာလိုက်ပြီး ရေဆေးလိုက်ပါ။
 

သံပုရာသီး 

 
အရေပြားပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး၊ အသားအရေလှပဖို့ လိုအပ်တဲ့ ဗီတာမင်စီလည်း ပါဝင်တာကြောင့် သံပုရာသီးဟာ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။
 
လိုအပ်တာက
 
သံပုရာသီးတစ်လုံး၊ ဂွမ်းဖတ်နှင့် ပုလင်းအသေးတစ်လုံး လိုပါတယ်။
 
ပြုလုပ်နည်း 
 
သံပုရာသီးတစ်လုံးကို အရည်ညှစ်ပြီး ဝက်ခြံပုန်းတွေပေါ်မှာ မိနစ် ၂၀ အတွင်းလေး၊ ငါးကြိမ်လောက် ပွတ်လိမ်းပေးပါ။ ပုလင်းထဲကို ကြက်သီးနွေးရည်ထည့်ပြီး မျက်နှာပေါ်မှာ လိမ်းကာ နှိပ်နယ်သလို ပြုလုပ်ပေး ပါ။ သံပုရာရည် သောက်တာကလည်း တူညီတဲ့ အကျိုးကို ရရှိစေပါတယ်။
 

ချွေးထုတ်ခြင်း

 
မျက်နှာအဆိပ်ထုတ်တယ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ နည်းလမ်းတစ်ခုပါ။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး ချွေးပေါက်တွေ ပွင့်စေပါတယ်။
 
လိုအပ်တာက
 
အိုးတစ်လုံး၊ ရေနဲ့ ပုဝါပါးပါးတစ်ထည် လိုအပ်ပါတယ်။
 
ပြုလုပ်နည်း 
 
ဆူပွက်နေသော ရေကို အိုးထဲထည့်တည်ထာပြီး၊ မီးငြိမ်လိုက်ပါ။ အငွေ့ ထွက်နေတဲ့ အိုးပေါ်က ပုဝါပါး ကို အုပ်လိုက်ပြီး ပုဝါပေါ်က ထွက်လာတဲ့ အငွေ့ကို မျက်နှာက ပေါင်းခံပါ။ ပေါင်းခံ မလုပ်ခင် မျက်နှာအရင် သစ်ထားလိုက်ပါ။
 

သကြားသုံးပါ 

 
မျက်နှာပေါ်မှာ သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြား ခြောက်သွေ့မှု ကင်းစင်ကာ အရေပြား အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပါတယ်။
 
လိုအပ်တာက 
 
သကြားတစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်း လိုအပ်ပါတယ်။
 
ပြုလုပ်နည်း
 
သင့်လက်ချောင်းထိပ်ကို သံလွင်ဆီအနည်းငယ်တို့လိုက်ပြီး နှိပ်နယ်ပေးပါ။ ကျန်တဲ့ဆီကို သကြား တစ်ဇွန်းနဲ့ ရောလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ဖွဖွလိမ်းပေးပါ။ ဝက်ခြံပုန်းနေရာတွေကို ပွတ်သပ်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပြီး ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။
 
Credit:

10 Nov 2020     1,495 Views




RELATED

Most Popular of Health Fix

Most Popular of Life Style