BEC-TERO TV

အစာအိမ် လေပူရောဂါနှင့် ဖီးကြမ်းငှက်ပျောသီး

21 Nov 2020     1,745 Views


ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များမှာ လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီး စားသူများမှာ ထိုဆေးဖက်ဝင်သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှင့်ပစ်လိုက်ကြပါသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီးကင်သောအခါ ထိုအမြှေးများသည်ပျော်ပြီး ငှက်ပျောသီးအသားနှင့် ပေါင်းစပ်သွားသဖြင့် မီးဖုတ်စားခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ် အနာများကို သက်သာစေနိုင်လေသည်။
 
ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စားလေ့ ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိ အနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ကို ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။
 
လွန်ခဲ့သော နှစ် ၂၀ ခန့် (၁၉၉၂ ခုနှစ်) က အိန္ဒိယနိုင်ငံရှိ အာယုဗ္ဗေဒ ဆေးတက္ကသိုလ်ကြီးမှ ငှက်ပျောသီးဖီးကြမ်း အစိမ်းနှင့် အစာအိမ်ရောဂါ ရှိသူများကို စမ်းသပ် ကုသပေးခဲ့ဖူးသည်။
 
အထူးသဖြင့် အစာအိမ်နံရံတွင် အချွဲအမြှေး မရှိသဖြင့် ဗိုက်နာ ဗိုက်အောင့်သူများ၊ အစာအိမ်ရောဂါ ရှိသူများ၊ အူသိမ်ပိုင်း အနာရှိသူများကို ဘစ်စမတ်ခေါ် အစာအိမ်ဆေးပေါင်ဒါမှုန့်နှင့် ကုသူများနှင့် ငှက်ပျောသီးဖီးကြမ်း အမှုန့်ကို ဆေးတောင့် (Capsule) ထည့်၍ မသိအောင် ပေးပြီး တိုက်ကျွေးသူ လူပေါင်း ၁၀၀ ကို စမ်းသပ်ခဲ့ရာ ဖီးကြမ်းအမှုန့်နှင့် ကုသသူ ၈၀ မှာ အစာအိမ်ဝေဒနာ ခံစားနေရခြင်းမှာ ပျောက်ကင်းသက်သာ
ကြောင်း စမ်းသပ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
 
အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုံးကြွ သွားနာရောဂါ ရှိသူများ ထို့အပြင် နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီးကြမ်း
ငှက်ပျောသီးသည် ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်ပါသည်။
 
ပုံမှန်အတိုင်းသော် လည်းကောင်း၊ အစိမ်းကို ဟင်းချက်၍သော် လည်းကောင်း စားသုံးကြည့်ပါ။ နှစ်ရှည်ဖြစ်နေသော အစာအိမ်နာသာမက လေးဘက်နာ၊ နှလုံးရောဂါ၊ လေကြောင့်ဖြစ်သောခေါင်းကိုက်၊ ခေါင်းအုံ မူးဝေသော ရောဂါများအပြင် နှစ်ရှည် စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
 
Credit : ကြည်လွင်မြင့် (မုဒြာ)

21 Nov 2020     1,745 Views




RELATED

Most Popular of Health Fix

Most Popular of Life Style