BEC-TERO TV

အူမကြီး ကျန်းမာရေး ကောင်းမွန်စေရန် နည်းလမ်းများ

23 Nov 2020     1,547 Views


အူမကြီးဆိုတာ ခန္ဓ္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ဖို့ ကူညီတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အူမကြီးဟာ ရေနဲ့ဆားတွေကို စုပ်ယူပြီး ဓါတ်ဆား ဟန်ချက်ညီမျှအောင် ထိန်းချုပ်ထားပါတယ်။ 
 
နေ့စဉ် အဆင်သင့်အစာ၊ ဆီကြော် အစာ၊ ပြုပြင်ထားတဲ့အစာ စတာတွေကို အစားများရင် အူမကြီးထဲမှာ အဆိပ်တွေ ပြည့်နေနိုင်ပါတယ်။ အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်မဟုတ်တော့တဲ့အခါ အဆိပ်တွေကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။
 
အူမကြီးမကျန်းမာသော လက္ခဏာများ - ဗိုက်အောင့်ခြင်း ဝမ်းချုပ်ခြင်း ခါးနာခြင်း စိတ်ဖိစီးမှုများခြင်းနှင့် နုံးချိညောင်းညာခြင်း၊ လေပွခြင်း၊ အရေပြားပြဿနာများဖြစ်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ အူမကြီးကျန်းမာတာကြောင့် တစ်ကိုယ်လုံး သန်စွမ်းကျန်းမာစေပါတယ်။ အူမကြီးကျန်းမာတဲ့သူတွေက ယေဘုယျ အားဖြင့် အနည်းဆုံးတစ်ရက်တစ်ခါ ဝမ်းသွားလေ့ရှိပါတယ်။ မစင်အညစ်အကြေးတွေက အူမကြီးထဲ စုပုံမှုများလာလေလေ နေရထိုင်ရ မသက်မသာ ဖြစ်လာလေလေပါ။
 

အူမကြီး ကျန်းမာစေမည့် နည်းခုနှစ်သွယ်

 
၁။ တစ်နေ့ တစ်ကြိမ်-နှစ်ကြိမ် ဝမ်းသွားတဲ့ အလေ့အကျင့်ကို ထားရှိပါ။
 
၂။ ဝမ်းသွားချင်စိတ်ဖြစ်ပေါ်လာရင် အောင့်မထားပါနဲ့။ ချက်ချင်းသွားပါ။
 
၃။ ရေနဲ့ သစ်သီးဖျော်ရည် များများသောက်ပါ။ နေ့စဉ်နေ့တိုင်း ရေအလုံအလောက် သောက်တာကြောင့် အူမကြီးကို ကျန်းမာစေပါတယ်။
 
၄။ စားတဲ့အစာမှာ အမျှင်ဓါတ်များများ ပါဝင်တာကြောင့် အူမကြီးကို သန့်ရှင်းစင်ကြယ်စေပါတယ်
 
၅။လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်လက် လှုပ်ရှားမှု လုပ်တာကြောင့် အူလမ်းကြောင်းကိုကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေပါတယ်။
 
၆။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများစားပြီး အသားလျှော့စားတဲ့နည်းနဲ့ အူမကြီးကို သန့်စင်ပါစေ။
 
၇။ အထက်ပါ နည်းတွေသုံးပေမယ့် ဝမ်းချုပ်နေရင် ဆေးဖက်ဝင်အပင် (ဥပမာ- ရှားစောင်းလက်ပတ်) 
အသင့်အတင့်စားပြီး ဝမ်းသွားအောင်ကြိုးစားပါ။
 
Credit:

23 Nov 2020     1,547 Views




RELATED

Most Popular of Health Fix

Most Popular of Life Style