ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဓမ္မာရုံ အကြီးစားမွမ်းမံပြင်ဆင် ပြီးစီး
25 Nov 2020 2,028 Views

၂၀၂၀ပြည့်နှစ် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အတွက် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်များဓမ္မာရုံကို ငွေကျပ် (၆၂၅.၇၄၃)သန်း ဖြင့်၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ စတင်၍ အကြီးစားမွမ်းမံ ပြင်ဆင်ခဲ့ရာ ယခုအခါ (၁၀၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ပြုပြင်မွမ်းမံရာတွင် မူလလက်ရာမပျက် ပြင်ဆင်ခဲ့ပြီး၊ အမိုးပိုင်းကို အသစ်ပြင်ဆင်ခြင်း၊ ဘုံ(၇)ဆင့်နှင့် ဘုံ(၅)ဆင့်ကို Steel Structure ဖြင့် အသစ်ပြုလုပ်ခြင်း၊ ကြမ်းခင်းကို အသစ်ပြုလုပ်ခြင်း၊ မျက်နှာကြက်ကို အသံလုံ၊ မီးလောင်ခံပစ္စည်းများဖြင့် တပ်ဆင်ခြင်း၊ ဝရံတာနှင့် လှေကားများကို Granite များ ခင်းပေးခြင်း၊ ဓမ္မာရုံ အတွင်း/အပြင် ဆေးသုတ်ခြင်း၊ ရေပေးဝေမှုနှင့် လျှပ်စစ်ပိုင်းကို စနစ်တကျပြုပြင်ခြင်း၊ အဝင်လမ်းနှင့် ဘေးပတ်လည်လမ်းကို နိုင်လွန်ကတ္တရာခင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Source : MRTV







