အလေးချိန် ပေါင် (၆၀၀) ခန့်ရှိသော Batman ကြေးသွန်းရုပ်ထုကြီးအား ဖွင့်လှစ်
25 Nov 2020 1,586 Views

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဘားဘန့် (Burbank) မြို့ မှာ အမြင့်ပေ ၇ ပေခွဲရှိပြီး အလေးချိန် ပေါင် (၆၀၀) ခန့်ရှိသော Batman (လင်းနို့လူသား) ရုပ်ထုကြီးအား စိုက်ထူလိုက်ပါတယ်။ အဆိုပါ ရုပ်ထုကြီးမှာ ကြေးဖြင့်သွန်းလုပ်ထားတာဖြစ်ပြီး 3D အရုပ်များဖန်တီးသူ ပညာရှင် Alejandro Pereira Ezcurra နဲ့ American Fine Arts Foundry and Fabrication တို့မှ ပူးပေါင်းပြီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဘားဘန့် ကို ခရီးသွားများ ဝင်ရောက်လာစေရန်ရည်ရွယ်ကာ DC နဲ့ ပူးပေါင်းပြုလုပ်ထားတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အခုမြင်တွေ့ရတဲ့ Batman ရဲ့ ပုံစံကိုတော့ Batman: Hush ရုပ်ပြဇာတ်လမ်းများထဲမှ ပုံစံကို ယူကာ သွန်းလုပ်ထားတာဖြစ်ပါတယ်။ ဘားဘန့်မှာ Batman ရုပ်ထုအား မစိုက်ထူခင် ပြီးခဲ့တဲ့ လအနည်းကတုန်းက မင်းသားကြီး စတားလုံး (Sylvester Stallone) ရဲ့ ရမ်ဘို (Rambo) သစ်သားရုပ်ထုကြီးကိုလည်း စိုက်ထူခဲ့သေးတယ်လို့ သိရပါတယ်။ ဒီ Batman ရုပ်ထုကြီးနဲ့ အတူ ဓါတ်ပုံများရိုက်ကူးပြီး လူမှုကွန်ယက် စာမျက်နှာများပေါ်မှာ Hash Tag ဖြင့် #BurbankBatman လို့ ရေးကာ တင်ပေးကြဖို့ကိုလည်း ဘားဘန့်ရဲ့ မြို့တော်ဝန် Sharon Springer က မေတ္တာရပ်ခံ တောင်းဆိုလိုက်တယ်လို့လည်း သိရှိရပါတယ်။
#Popolay #Popolaytv #BurbankBatman #DC #Alejandro_Pereira_Ezcurra #Sharon_Springer