BEC-TERO TV

ညစ်ပတ်တဲ့ အမှိုက်တွေကို အခန်းထဲ ၂ နှစ်ကြာ စုဆောင်းထားသောသူ

25 Nov 2020     1,355 Views


မကြာသေးမီက ထိုင်းနိုင်ငံက အဆောင်တစ်ဆောင်မှာ အခန်းငှားရမ်းနေထိုင်သောအမျိုးသားတစ်ဦးသည် မယုံနိုင်စရာ အခန်းထဲအမှိုက်သရိုက်များစုဆောင်းကာ ၂ နှစ်ကြာ နေထိုင်သွားခဲ့တဲ့ သတင်း ထွက်ရှိလာပါတယ်။ စမွတ်ဆာခွန်စီရင်စုက အသက် ၅၉ နှစ်အရွယ် အဆောင်ပိုင်ရှင်အမျိုးသမီး၏ ပြောဆိုချက်တွင် ယင်းအဆောင်မှာ အခန်းလာငှားရမ်းနေထိုင်သူအမျိုးသားသည် တခြားမြို့ကလာသော အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး၊ အခန်းခ တစ်လကို ရေမီးအစုံ ဘတ် ၁၇၀၀ တိတိဖြစ်ကာ ပလတ်စတစ်စက်ရုံတစ်ခုမှာ အလုပ် လုပ်ကိုင်တယ်လို့ ဆိုထား ပါတယ်။

ထိုသူဟာ တစ်ဦးတစ်ယောက်တည်းအေးဆေးနေတတ်သော အပြုအမူထူးဆန်းသူတစ်ဦးလည်းဖြစ်ပါတယ်။ မနက် သူ အလုပ်သွားချိန်တိုင်း တံခါးကို တစ်ကိုယ်စာလောက်ပဲဖွင့်တတ်ပြီး၊ သူ အလုပ်ကပြန်လာချိန်လည်း အခန်းထဲ တိတ်ဆိတ်ငြိမ်သက်စွာနေတတ်ပါ တယ်။ လကုန်တိုင်း သူ့ဆီ အခန်းခလာကောက်ချိန်လည်း အမြဲတမ်း တံခါးကိုကျယ်ကျယ်မဖွင့်ဘဲ တံခါးလေးဟရုံနဲ့ ပိုက်ဆံကို အထဲကနေလှမ်းလှမ်းပေးလေ့ရှိပါတယ်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထိုသူရဲ့အခန်းက သော့ခတ်ထားတာတွေ့ရသော အဆောင်ပိုင်ရှင်က အစက သူ နယ်အိမ်ခဏပြန်လည်တယ်လို့ ထင်ခဲ့ပါတယ်။

ဆယ်ရက်ကျော်အထိ စောင့်ကြည့်ပြီး ပြန်မလာတဲ့နောက်ဆုံး အခန်းကို ဖွင့်ကြည့်လိုက်သောအခါမှာ ထင်မှတ်မထားတဲ့ ဧကန္တကြီးမားတဲ့အမှိုက်သရိုက်ပုံကြီးနဲ့ ကြွက်တွေ၊ ပိုးဟပ်တွေများစွာတွေ့ကာ အလွန်ကိုအံ့သြသွားစေခဲ့ပါတယ်။ အခန်းကိုကောင်းကောင်းမွန်မွန်ထားပြီး သွားချင်သွားပါ၊ ဘာမှမပြောလိုဘူး။ အခုက ဒီလိုပုံစံမျိုးနဲ့ထားသွားတာ တကယ်စိတ်မကောင်းဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း သူ့ကို အရေးမယူခဲ့ပါဘူး။ သူမလို အခန်းငှားစားတဲ့သူတွေကို သူမလိုဖြစ်ရပ်မျိုးမကြုံရအောင် ပိုမိုသတိထားနိုင်ရန်အတွက် အကြောင်းအရာမျှဝေတာ ဖြစ်တယ်လို့လည်း ဆိုထား ပါတယ်။

#popolay #popolaytv #popolaynews


25 Nov 2020     1,355 Views




RELATED

Most Popular of International News

Most Popular of NEWS