BEC-TERO TV

ပါးစပ်အနာပေါက်တာကို အမြန်ဆုံးသက်သာစေသောနည်း

26 Nov 2020     2,032 Views


ပါးစပ်အနာပေါက်တာကို Canker Sore လို့ခေါ်ပါတယ်။ ပါးစပ်အနာဖြစ်ရင် တော်ရုံနဲ့ မပျောက်ဘဲ ရက်အနည်းငယ်ကြာတတ်တာ သတိပြုမိကြပါလိမ့်မယ်။ အဆိုးဆုံးက အစာ စားလို့မရအောင်ထိ နာနေတတ်တာပါ။ တချို့က ရက်သတ္တပါတ်အနည်းငယ်အထိ ကြာတတ်ပါတယ်။ လိမ်းဆေးတွေတော့ရှိတယ်။ စတီးရွိုက်ဆေးတွေအသုံးများတယ်။ အခုပြောမယ့်နည်းလမ်းက ပိုမိုလွယ်ကူပြီး ပျောက်တာလည်း ပိုမြန်ပါတယ်။
 

ပြုလုပ်ရမယ့် နည်းလမ်းကတော့... 

ကျောက်ချဉ်မှုန့်က ပါးစပ်အနာတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အနာဖြစ်တဲ့နေရာက အစိုဓာတ်ကို စုပ်ယူလိုက်လို့ပါပဲ။ ကျောက်ချဉ်ခဲ တစ်ခုကို ညက်အောင်ထောင်းပြီး လက်တဆိတ်စာ ပမာဏကိုယူပြီး ပါးစပ်နာရှိတဲ့နေရာကို သိပ်ပေးပါ။ ပေးစမှာ အရသာ နည်းနည်းတော့ ချဉ်တတ်တယ်။ တံတွေးမမျိုချပါနဲ့။
 
တစ်မိနစ်ကြာအောင် ထားပါ။ တစ်မိနစ်ပြည့်တာနဲ့ တံတွေးနဲ့အတူ ထွေးထုတ် လိုက်ပါ။ (သို့သော် ရေနဲ့ ပလုတ်ကျင်းဖို့ မကြိုးစားပါနဲ့၊ အာနိသင်နည်းသွားတတ်လို့ပါ ) ၂၄နာရီပြည့်တဲ့ထိ မသက်သာရင် နောက်တစ်ကြိမ်ထပ်လုပ်ပါ။ ပုံမှန်အားဖြင့် ကျောက်ချဉ်သိပ်ပြီး ၈နာရီအတွင်း နာကျင်တာတွေသက်သာတတ်ကြပါတယ်။ အများစု (၂)ရက်အတွင်း ပျောက်ကင်းကြပါတယ်။
 
Credit : ဒေါက်တာ အေးမင်းထူး

26 Nov 2020     2,032 Views




RELATED

Most Popular of Health Fix

Most Popular of Life Style