BEC-TERO TV

ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး လူသားဖြင့်စမ်းသပ်မှု လာမည့်သီတင်းပါတ်တွင် စတင်မည်

07 Dec 2020     2,010 Views


ဗီယက်နမ်နိုင်ငံ နာနိုဂျန်ဆေးဝါးကုမ္ပဏီကထုတ်လုပ်သည့် COVID - 19 ရောဂါ ကာကွယ်ဆေးတစ်မျိုးအား ပထမအဆင့် လူသားဖြင့်စမ်းသပ်မှုကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်သည်။ လူသားဖြင့်စမ်းသပ်မှု ပထမအဆင့်တွင်ပါဝင်မည့် စေတနာ့ ဝန်ထမ်းများစတင်စုဆောင်းရန် ဗီယက်နမ်စစ်ဆေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်းက ပြောသည်။

စေတနာ့ဝန်ထမ်းများကို နောက်တစ်ပါတ်အကြာတွင် ကာကွယ်ဆေးပထမအကြိမ် ထိုးပေးမည်ဖြစ်သည်။ ပထမအဆင့်တွင် အသက် ၁၈ နှစ်မှ ၄၀ နှစ်အကြား စေတနာ့ဝန်ထမ်း အယောက်၂၀ ကို ကာကွယ်ဆေး ထိုးပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ “ကျွန်တော်တို့ တတ်နိုင်သမျှစောပြီး ကိုဗစ်ကာကွယ်ဆေးရဖို့ လုပ်ဆောင်နေပါတယ်” ဟု ယမန်နေ့ကပြုလုပ်သည့် အစည်းအဝေး တစ်ခု၌ ငုယင်သန်လောင်းက ပြောသည်။

ဗီယက်နမ်နိုင်ငံ၌ လက်ရှိ အချိန်တွင် Nanogen၊ Vabiotech၊ Polyvac နှင့် Institute of Vaccines and Medical Biologicals (IVAC) တို့က သုတေသန ပြုလုပ်နေသည့် ကိုဗစ်ကာကွယ်ဆေးလေးမျိုးရှိသည်။ ဗီယက်နမ်နိုင်ငံတွင် ယမန်နေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုကူးစက်သူ (၁,၃၆၅) ဦးနှင့် သေဆုံးသူ ၃၅ ဦးရှိကြောင်း သိရ သည်။

Credit: #Popolay #Popolaytv #News #International_News #COVID_19 #Vaccine #Vietnam


07 Dec 2020     2,010 Views




RELATED

Most Popular of International News

Most Popular of NEWS