BEC-TERO TV

ထိုင်ဝမ် ခွဲထွက်ရေးသမားတွေကို Blacklist သွင်းဖို့ တရုတ်စီစဉ်

07 Dec 2020     1,548 Views


တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းနေသူတွေကို တရုတ်အစိုးရက အမည်မည်းစာရင်း ပြုစုနေပါတယ်။ ဒါဟာ တရုတ်အစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ် ပြဋ္ဌာန်းပြီး နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး နှိပ်ကွပ်ခဲ့သလိုမျိုး ထိုင်ဝမ်မှာလည်း ခွဲထွက်ရေးသမားတွေကို ရာဇဝတ် ကျူးလွန်သူတွေအဖြစ် အရေးယူသွားနိုင်ဖို့ လုပ်ဆောင်လာတဲ့ခြေလှမ်း ဖြစ်တယ်လို့ အကဲခတ်သူတွေက မြင်ပါတယ်။

ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို တရုတ်အစိုးရက အဝေးကနေ သြဇာသက်ရောက်အောင် အခုလို အမည်မည်းစာရင်း ပြုစုပြီး နည်းလမ်းရှာနေတာဟာ ဘာမှ ထိရောက်မှာမဟုတ်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ တရုတ်အစိုးရရဲ့ အခုလုပ်ဆောင်ချက်ဟာ ထိုင်ဝမ်ကျွန်းမှာ နဂိုကရှိပြီးသား တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုတောက်လောင်လာအောင် ဓာတ်ဆီလောင်းပေးသလို ဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ထိုင်ဝမ်ကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ အဆက်အဆံလမ်းကြောင်း ဖြတ်တောက်တာ စတဲ့ ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေနဲ့ အရေးပါသူတွေကို လုပ်ကြံတာမျိုးတွေ မရှိဘဲနဲ့တော့ တရုတ်ကပြုစုနေတဲ့ စာရင်းဟာ ရယ်စရာလို ဖြစ်နေမယ်လို့ တိုင်ပေမြို့က မဟာဗျူဟာလေ့လာရေး သုတေသီ Chang Ching က ပြောပါတယ်။

Credit: VOA #Popolay #Popolaytv #News #International_News #Taiwan


07 Dec 2020     1,548 Views




RELATED

Most Popular of International News

Most Popular of NEWS