BEC-TERO TV

မြန်မာ့ရေနံလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီ၊ ဒီဇယ် ဂါလံ နှစ်သန်းခွဲကို ပုဂ္ဂလိက သို့ ရောင်းချမည်

07 Dec 2020     1,809 Views


မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ဓာတ်ဆီ၊ ဒီဇယ် ဂါလံ နှစ်သန်းခွဲကို ပုဂ္ဂလိက သို့ ရောင်း ချပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ သိရသည်။ ရောင်းချမည့် ဓာတ်ဆီ နှင့် ဒီဇယ်မှာ မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်တွင် ရှိသည့် ရေနံဓာတု ဗေဒစက်ရုံစု(သံပရာကန်) စက်ရုံမှဖြစ်ပြီး ဓာတ်ဆီ ဂါလံတစ်သန်းကို တစ်ဂါလံလျှင် ငွေကျပ် ၂၀၀၀ နှုန်း၊ ဒီဇယ် ဂါလံ တစ်သန်းခွဲကို တစ်ဂါလံလျှင် ငွေကျပ် ၂၁ဝဝ နှုန်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဓာတ်ဆီ၊ ဒီဇယ်များကို စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီတင်သွင်း၊ ရောင်း ချဖြန့်ဖြူး ကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင် ရွက်လျက်ရှိ သည့် လုပ်ငန်းရှင်များသို့ ရောင်းချပေးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်အထိသာ လျှောက် လွှာများလက်ခံမည်ဖြစ်ကြောင်း သိရသည်။ စက်သုံးဆီဝယ်ယူခွင့်ရရှိပြီး စက်ရုံမှ ထုတ်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် သူများအနေဖြင့် သုံးရက်အတွင်း သက်တမ်းရှိသော Covid-19 ရောဂါပိုး ကူးစက်ခံရမှုမရှိကြောင်း ထောက်ခံချက်တင်ပြနိုင် ရမည်ဖြစ်ကြောင်း သိရသည်။


07 Dec 2020     1,809 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS