BEC-TERO TV

ဆိုင်အချို့ ပြန်ဖွင့်သော်လည်း စားသောက်ကုန်ထုတ်လုပ်ငန်း ရောင်းအားတက်ရန် အချိန်စောင့်ရမည်ဟုဆို

07 Dec 2020     1,347 Views


စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အချို့ ပြန် လည်ဖွင့်လှစ်ခွင့်ရရှိသော်လည်း စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၏ ရောင်းလိုအား တိုးမြှင့်ရန် အချိန်စောင့်ရမည်ဟု မြန်မာနိုင်ငံ စားသောက်ကုန်ထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Stay at Home မဟုတ် သည့် မြို့နယ်ရှိ (A) အဆင့်ရ စား သောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်အချို့ကို ဒီဇင်ဘာ ၄ ရက် တွင် တရားဝင်ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။

ဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုသော်လည်း လူဦးရေ ခုနစ်သန်းရှိသော ရန်ကုန်တိုင်းမပါဝင်သည့်အပြင် ပြန်ဖွင့်ခွင့်ရသော ဆိုင်အရေအတွက် နည်းသေးသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်ရန်စောင့်ကြည့်အခြေ အနေသာရှိနေသည်ဟု သူက ဆိုသည်။ အစိုးရက စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်အချို့ ပြန်လည်ဖွင့်ခွင့်ပြုသော်လည်း COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှောင်တခင်စစ်ဆေးပြီး လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်သည်။ ထို့အပြင် ဖွင့်လှစ်ရန် ကျန်ရှိနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆက် လက်စစ်ဆေးမည်ဖြစ်ကာ (A)အဆင့်သတ်မှတ်ခံရပါက ဖွင့်လှစ်ခွင့်ပြုမည်ဟု COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။


07 Dec 2020     1,347 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS