BEC-TERO TV

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ သန်းကျော် အင်ဒိုနီးရှားကိုရောက်

07 Dec 2020     1,352 Views


အင်ဒိုနီရှားနိုင်ငံကို တရုတ်လုပ် COVID-19 ကာကွယ်ဆေး ၁.၂ သန်း တနင်္ဂနွေညနေပိုင်းမှာ ရောက်ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ကြေညာပါတယ်။ အဲဒီကာကွယ်ဆေးကို ဘေဂျင်းမြို့အခြေစိုက် Sinovac Biotech ဇီဝဆေးဝါးဖော်စပ်ရေး ကုမ္ပဏီက ထုတ်လုပ်တာပါ။ နောက်ထပ် ၁.၈ သန်းကတော့ ဇန်နဝါရီ အစောပိုင်းမှာ ရောက်လာဖို့မျှော်လင့်ထားတယ်လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ရုပ်-သံ ကနေ မိန့်ခွန်းပြောတဲ့အထဲ ထည့်ပြောသွား ပါတယ်။ “ပြည်သူတွေအားလုံး ကာကွယ်ဆေးကို တပြိုင်နက်တည်း ထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လူတွေကို ကာကွယ်ဆေးထိုးပေးဖို့ လောလောဆယ် ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ကြေညာချက်ကို လိုက်နာကြဖို့ လိုပါတယ်။” လို့ သမ္မတက ပြောပါတယ်။ နောက်ထပ် သန်းနဲ့ချီတဲ့ ကိုဗစ်ကာကွယ်ဆေး ကုန်ကြမ်းဆေးရည်ကို စောင့်ဆိုင်းနေပြီး ရောက်လာရင် အင်ဒို-အစိုးရပိုင် PT Bio Farma ကုမ္ပဏီကနေ ပြည်တွင်းမှာ ထပ်မံ ထုတ်လုပ်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ Sinovac ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်နေပြီး အခုဆိုရင် စမ်းသပ်မှု အဆင့် ၃ ကိုတောင်ရောက်နေပြီဖြစ်ပါတယ်။ အဆင့် ၃ အတွက် အနောက်ဂျာဗားရှိ ဘန်ဒေါင်းမြို့က လူပေါင်း ၁,၆၂၀ ဟာ သြဂုတ်လကတည်းက စမ်းသပ်ခံထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Source : AP


07 Dec 2020     1,352 Views




RELATED

Most Popular of International News

Most Popular of NEWS