BEC-TERO TV

ဂျာမနီလေကြောင်းလိုင်း Lufthansa က ယခုနှစ်ကုန်တွင် ဝန်ထမ်းအင်အား ၂၉၀၀၀ လျှော့ချမည်

07 Dec 2020     1,393 Views


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုန်းကန်နေရသည့် ဂျာမနီလေကြောင်းလိုင်း Lufthansa က ယခုနှစ်ကုန်တွင် ဝန်ထမ်းအင်အား ၂၉၀၀၀ လျှော့ချမည်ဖြစ်ပြီး လာမည့်နှစ်တွင် ပြည်တွင်း၌ နောက်ထပ် ဝန်ထမ်းအင်အား ၁၀၀၀၀ လျှော့ချမည်ဟု သိရသည်။ ၂၀၂၅ ခုနှစ် မတိုင်မီကာလအတွင်း လေကြောင်းခရီးသွားလာမှုသည် မူလအခြေ အနေသို့ ပြန်လည်ရောက်ရှိမည်မဟုတ်ဟု မျှော်မှန်းထားသောကြောင့် Lufthansa လေကြောင်းလိုင်းနှင့် လုပ်ငန်းခွဲများဖြစ်သော Eurowings၊ Swiss၊ Austrian နှင့် Brussels Airlines တို့က ပြေးဆွဲမည့်အစီအစဉ်များ၊ လေယာဉ်နှင့် ဝန်ထမ်းအင်အားတို့ကို လျှော့ချ ခဲ့သည်။

Lufthansa လေကြောင်းလိုင်းက ဂျာမနီ နိုင်ငံပြင်ပ၌ အလုပ်အကိုင်နေရာပေါင်း ၂၀၀၀၀ အထိ လျှော့ချမည်ဖြစ်ပြီး လာမည့်နှစ်တွင် ဂျာမနီနိုင်ငံ၌ အလုပ်အကိုင်နေရာ ၁၀၀၀၀ ထပ်မံလျှော့ချမည်ဟု အဆိုပါလေကြောင်း ကုမ္ပဏီက ပြောသည်။ Lufthansa လေကြောင်းလိုင်းက အစိုးရ၏ ကယ်ဆယ်ရေး အစီအစဉ်အရ ယခုနှစ်အစောပိုင်းတွင် ရယူ ထားသည့် ယူရို ကိုးဘီလီယံအနက် ယူရို သုံးဘီလီယံ ဆုံးရှုံးခဲ့သည်။

Lufthansa လေကြောင်းလိုင်းက အပို ဆုကြေးများ၊ လစာငွေများ ပေးချေရမှုကြောင့် ပိုလျှံအင်အား လျှော့ချမှုပြုလိမ့်မည်မဟုတ် ကြောင်း အလုပ်သမားသမဂ္ဂများအား ကတိပြု ခဲ့ပြီး အချိန်ပြည့်ဝန်ထမ်း ၂၇၀၀၀ ရှိကြောင်း အမှုဆောင်ချုပ် ကားလ်စတန်စဖိုးက ပြီးခဲ့ သည့်လအတွင်း ပြောကြားခဲ့သည်။

ကိုးကား-စီအင်န်အေ

ဘာသာပြန်-ကျော်ထိုက်စိုး/The Mirror


07 Dec 2020     1,393 Views




RELATED

Most Popular of International News

Most Popular of NEWS