BEC-TERO TV

ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ပိတ်လိုက်ပြီ

07 Dec 2020     1,390 Views


ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံကို ယနေ့ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းမှစတင်ပြီး ပိတ်ထားလိုက်တာကို တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်ရက်နောက်ပိုင်း မဟာဗန္ဓုလပန်းခြံမှာ လာရောက် အပန်းဖြေသူတွေနဲ့ စည်ကားလာပြီးနောက်ပိုင်း အများပြည်သူကြားဝေဖန်မှု တွေရှိခဲ့ပြီးနောက် အခုလို ပိတ်ထားတာကိုတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

အခုလို မဟာဗန္ဓုလပန်းခြံကို ပိတ်ရတာဟာ လောလောဆယ် လူဦးရေ များပြားနေတာကို မထိန်းနိုင်တာရယ် လွတ်လပ်ရေးနေ့အတွက် ပြင်ဆင်နေတာကြောင့် ခေတ္တပိတ်ရတာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလို မဟာဗန္ဓုလပန်းခြံကို ပိတ်လိုက်ပေမယ့် အခြား နာမည်ကြီး အပန်းဖြေ နေရာတွေ ဖြစ်တဲ့ ပြည်သူ့ရင်ပြင် ၊ ကန်တော်ကြီး နဲ့ အင်းလျားကန်ပေါင်စတဲ့ နေရာတွေကိုတော့ ပိတ်ဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ ပြောပါ တယ်။

Photo credit : J Paing/MPA


07 Dec 2020     1,390 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS