BEC-TERO TV

မန္တလေးမဟာမြတ်မုနိဘုရားကြီး ရွှေမိုက်ထုတ်ယူခြင်းမှ ရရှိသော ရွှေအစစ်များဖြင့် ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများအား ရွှေချသွားမည်

08 Dec 2020     1,842 Views


မန္တလေးမဟာမုနိဘုရားကြီးအား ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားဖူးများပိတ်သိမ်းကန့်သတ်ထားစဉ် ကာလအတွင်း အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မဟာမုနိဘုရားကြီး နှစ်စဉ်ရွှေမိုက် ထုတ်ယူခြင်းမှ ရရှိလာသော ရွှေအစစ်များဖြင့် ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများအား ရွှေချသွားမည်ဖြစ်ကြောင်း မန္တလေးမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

မဟာမုနိဘုရားကြီးမှာ ရွှေမိုက်ထုတ်တာ နှစ်စဉ် ၆/၇ ပိဿာ လောက်ရတယ်၊နှစ်စဉ် ရွှေတွေက ဘုရားမှာ စုဆောင်းထားတာလည်းကြာပြီဆိုတော့ ဘုရားကြီးကို ပြန်ပြီး သပ္ပာယ်မယ်ဆိုတဲ့ ဂေါပက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကျောင်းဆောင်တော်ကြီးမှာရှိတဲ့ တိုင်လုံးကြီးတွေမှာ ရွှေကပ်လှူတဲ့လုပ်ငန်း ဆောင်ရွက်သွားမှာပါ၊ အဲဒါပြီးသွားတာနဲ့ ကျောင်းဆောင်တော်ကြီး တစ်ခုလုံးက ရွှေကျောင်းဆောင် တော်ကြီး ဖြစ်သွားမှာပါ ဟု ၎င်း က ဆက်လက် ပြောကြားသည်။

မဟာမုနိဘုရားကြီး ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများအား ရွှေချကပ်လှူခြင်း ကို ရွှေအစစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ရွှေများအား ပြင်ပမှ ဝယ်ယူသွားမည်မဟုတ်ဘဲ မဟာမုနိဘုရားကြီး၏ နှစ်စဉ်ရွှေ မိုက်ထုတ်ခြင်းလုပ်ငန်းမှ ရရှိလာသော ရွှေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ အကြီးစားပြင်ဆင်မှု လုပ်ငန်းများတွင် မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး၊ စောင်းတန်းများ၊ ဇရပ်များ၊ ဥယျာဉ်ငယ်များ၊ ကားပါကင်များ၊ လိပ်ကန်၊ ငါးကန်၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုများ၊ တခြားအသေးစား ပြင်ဆင်မှုများလည်းတော်တော်များများ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

Ref : MDN


08 Dec 2020     1,842 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS