BEC-TERO TV

ဝမ်းချုပ်တာကို သက်သာစေဖို့

08 Dec 2020     1,417 Views


ဝမ်းချုပ်တယ်ဆိုတာကဝမ်းသွားရခက်ခဲတာ (သို့မဟုတ်) ပုံမှန်လောက် ဝမ်းသွားရမလွယ်တဲ့အနေအထားမျိုးဆိုတာကိုပြောစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ အူမကြီးရဲ့ပုံမှန်လှုပ်ရှားမှုက တစ်ရက်မှာ ၃ ကြိမ်လောက်ကနေ ၃ ရက်မှာတစ်ကြိမ်လောက်တော့လှုပ်ရှားနိုင်ပါတယ်။ ၃ ရက်ကျော်တဲ့အထိမှအူမကြီးကလှုပ်ရှားမှုမရှိဘူးဆိုရင်တော့ဝမ်းတွေကခဲကျပ်သွားပြီးဝမ်းသွားရတာကပုံမှန်ထက် ခက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဗိုက်ထဲမှာလေပွသလိုဖြစ်နေတာ၊ ဗိုက်က ရစ်ပြီးနာတာနဲ့အရမ်းပြင်းထန်ရင် အော့အန်တာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။
 
အနေအထားပုံစံတွေကွာခြားပေမယ့်တစ်ပါတ်ကို ၂ ကြိမ်ဒါမှမဟုတ် ၁ ကြိမ်လောက်ပဲ ဝမ်းသွားမယ်ဆိုရင်တော့ဝမ်းချုပ်နေတာပါ။ တကယ်လို့သင့်အနေနဲ့အချိန် ၃ လကျော်လောက်အထိ ထိုလက္ခဏာတွေထဲက ၂ ခုဒါမှမဟုတ် ၂ ခုထက် ကျော်လောက်ခံစားနေရမယ်ဆိုရင်တော့ဝမ်းချုပ်နေပြီလို့ပြောလို့ရပါတယ်။
 
ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အမျှင်ဓာတ်လုံလောက်အောင် မစားမိတာကြောင့်ပါ။ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အများစုမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့်  ဝမ်းမှန်စေဖို့အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ သစ်သီးအများစုက အမျှင်ဓာတ် မပါရင်တောင် ရေဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်မှာပါ။
 
ဒီတော့ ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေဖို့ ဘယ်လိုသစ်သီးတွေစားရမလဲဆိုတာကို ပြောပြပေးပါရစေ။
 
ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်သစ်သီးတွေ စားရမလဲဆိုတော့.... 
 
- ပင်မှည့်သီး
- ထောပတ်သီး
- Raspberries
- မာလကာသီး
- Blackberries
- သလဲသီး
- သစ်တော်သီး
- ကီဝီသီး
- ငှက်ပျောသီး
- ပန်းသီး    စတာတွေပဲဖြစ်ပါတယ်။

08 Dec 2020     1,417 Views




RELATED

Most Popular of Health Fix

Most Popular of Life Style