BEC-TERO TV

ကိုဗစ်ပျောက်ကင်းသွားသူများ ရောဂါလက္ခဏာများ ဆက်ဖြစ်နေပါက စိုးရိမ်ရန်မလိုဟုဆို

08 Dec 2020     1,376 Views


ဆေးရုံမှဆင်းခွင့်ရသည့် ကိုဗစ်ပျောက်ကင်းသွားသူများအနေ ဖြင့် ရောဂါလက္ခဏာများ ဆက်လက်ဖြစ်ပေါ် ခံစားနေရပါက စိုးရိမ်ရန်မလိုကြောင်း ဆရာဝန် ကြီးများက ပြောသည်။ ‘‘တချို့က ဆေးရုံက ဆင်းသော်လည်းပဲ မောနေတာ၊ချောင်း ဆိုးနေတာ၊ ကိုယ်လက်ကိုက်ခဲနေ တာရှိကြတော့ စိတ်ပူပန်နေပြီး မေးကြတာရှိပါတယ်။ သူတို့မှာကိုဗစ်က မပျောက်တာလား၊ဆက်ရှိနေမှာလား၊ ပြန်ဆေးစစ်ဖို့လိုသလားဆိုတဲ့ မေးခွန်းတွေမေးကြပါတယ်။ ကိုဗစ်ပြန်ဆေးစစ်ဖို့ မလိုပါဘူးလို့ ပြောချင်ပါတယ်။ ပိုးဆက်ရှိနေသေးတဲ့အတွက် ကြောင့် မို့ဒီလိုလက္ခဏာတွေဖြစ် တာ မဟုတ်ဘူး။

တကယ့်တကယ် တမ်းကျရင် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ကြောင့်မို့လို့ စောစောကလက္ခ ဏာတွေဖြစ်တာပါ’’ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာထင်အောင်စောက ပြောသည်။ ဆက်လက်၍ ၎င်းက ‘‘လောလောဆယ် PCR ဆိုတဲ့စနစ်နဲ့စစ်ပါတယ်။ ဒီစနစ်က ပြန်စစ် လိုက်လို့ရှိရင် နှာခေါင်းတို့ဖတ်ယူရင် Positive ဆက်ဖြစ်နေနိုင်သေးတယ်။ ဒါပေမဲ့ အဲဒီပေါ့စတစ်ဖြစ် နေခြင်းသည် ပိုးဆက်ရှိနေခြင်း အသက်ရှင်နေခြင်း မဟုတ်ဘူး။ ပိုးရဲ့ မျိုးဗီဇအနည်းငယ်ကျန်နေ တာကိုပဲ ပြဆိုခြင်းဖြစ်တဲ့အတွက် ကြောင့်မို့ အနည်းငယ်ကျန်ရုံ သက်သက်နဲ့ပဲ ဆေးရုံတစ်ခါ ပြန်တက်ရမယ်။ ပြန်ကုရမယ်။ ရောဂါမပျောက်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။။

အဲဒီလူများသည် ရောဂါပျောက်သွားပါပြီ’’ဟု ရှင်း ပြသည်။ နိုင်ငံတကာသုတေသနများ အရ ဆေးရုံဆင်းပြီး လူနာဦးရေ ၁၀၀ လျှင် ၁၀ ဦးမှ ၂၀ ဦးခန့်သည်တစ်လကြာမြင့်သည့်အချိန်အထိ နေမကောင်းဖြစ်နေနိုင်ကြောင်း၊ ယင်းတစ်ရာဦးလျှင် နှစ်ဦး (သို့ မဟုတ်) သုံးဦးသည် သုံးလခန့် ကြာမြင့်သည်အထိ အနည်းအ ကျဉ်းသော ရောဂါဝေဒနာဖြစ် ပေါ်နိုင်သေးသည်ဟု နိုင်ငံတကာတွေ့ရှိချက်များကို ကိုးကား၍ အဆိုပါဆရာဝန်ကြီးက ပြော သည်။ ဆက်လက်ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများမှာ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ ရင်တုန်ခြင်း၊ အချို့ တွင် ဦးနှောက်မကြည်မလင်ဖြစ် ခြင်းနှင့် အချို့တွင် ဖျားနာခြင်း စသည်တို့ဖြစ်သည်။ ‘‘ဂျာမနီ၊ စပိန်ကသူတွေ လုပ်ထားတဲ့ သုတေသနတွေအရပေါ့နော်။

အဲဒီလိုမျိုးဖြစ်ကြတဲ့ ဟာတွေကို Long COVID နာတာ ရှည် ကိုဗစ်ဖြစ်တယ်လို့ဆိုတယ်။ ဖျားတဲ့သူက အင်မတန်နည်း တယ်။ သို့သော်လည်း ဖျားတာလည်း နည်းနည်းပါးပါးတော့ ဖြစ်နိုင်သေးတယ်’’ဟု ၎င်းက ပြောသည်။ ၎င်းတို့အနေဖြင့် ရောဂါ ဝေဒနာ ဆက်လက်ခံစားနေရပါ က ကိုယ်လက်ကိုက်ခဲခြင်းသက် သာစေသည့် ပါရာစီတမောလ်ကဲ့ သို့ ဆေးသောက်ပေးခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ လုံလောက် စွာအနားယူခြင်း၊ အာဟာရပြည့်ဝ စွာ စားသောက်ခြင်းတို့ပြုလုပ်ရန် လိုအပ်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

‘‘အဲဒီလိုမျိုးလုပ်သွားရင် အများစုကကောင်းသွားပျောက် သွားပါတယ်။ စိုးရိမ်စရာမရှိပါ ဘူး။ တကယ်လို့ ကိုယ့်မှာ ဝေဒနာဆက်ခံစားနေရတယ်လို့ ယူဆလို့ရှိရင်တော့ မိမိရဲ့မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ အဲဒီလိုမျိုးမှာမှ လူ ၁၀၀ မှာ တစ်ယောက်လောက် လူ ၂၀၀ မှာ တစ်ယောက်လောက်က ထပ်မံပြီးတော့ ဆေး စစ်ဆေးမှုတွေ ခံယူဖို့လိုကောင်း လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုဗစ်ကနှလုံးကိုထိခိုက်တာ လည်း နည်းနည်းရှိတတ်ပြီး အ ဆုတ်ကို ထိခိုက်ပြီးဒဏ်ရာရပြီး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့်မို့ အဲဒီလိုမျိုးပုဂ္ဂိုလ် တွေရှိ၊ မရှိကတော့ ပြန်လည်ပြီး တော့ ဆေးစစ်ကုသဖို့လိုတယ်။ ဒါပေမဲ့ အများစုမဟုတ်ပါဘူး။ အနည်းစုသာမို့လို့ လူအများက တော့ မစိုးရိမ်သင့်ပါဘူး’’ဟု ဒေါက်တာ ထင်အောင်စောက ပြောသည်။

Source : 7 Day News

ပုံစာ : ကိုဗစ်ဖြစ်ပွား၍ကုသမှုခံယူပြီးနောက်ရောဂါပျောက်ကင်း၍အိမ်ပြန်နေကြစဉ်


08 Dec 2020     1,376 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS