BEC-TERO TV

ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

08 Dec 2020     1,407 Views


ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် တပ်ဖွဲ့များသည် ယမန်နေ့တွင် မြို့တော်တိုကျိုမြို့၏ အနောက် မြောက်ဘက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံ ကူမာမိုတိုခရိုင်၌ ပြုလုပ်သော ယာမာဆာကူရာအမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် နီးဂါတာနှင့် ဂန်မာခရိုင်တို့တွင် ပြုလုပ်သော Forest Light ဟု အမည်ပေးထားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုနှစ်ခု သည် ဝေးလံခေါင်ဖျားသော ကျွန်းစုများ၌ ရန်သူများ၏ တိုက်ခိုက်မှုများကို ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့တို့အနေဖြင့် တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် အဓိကရည်ရွယ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့တို့သည် ယာမာဆာကူရာပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁၅ ရက်အထိ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀၀၀ ခန့်နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၁၉၈၂ ခုနှစ်က စတင်ခဲ့သည့် ယာမာဆာကူရာစစ်ရေး လေ့ကျင့်မှုသည် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်နှင့် အမေရိကန်တပ်ဖွဲ့တို့အကြား ပြုလုပ်သည့်စစ်ရေးလေ့ကျင့်မှု များအနက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု တစ်ခု ဖြစ်သည်။ ထို့အပြင် Forest Light အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှု သည် ဒီဇင်ဘာ ၁၈ ရက်အထိပြုလုပ်မည်ဖြစ်ပြီး စစ်ရေး လေ့ကျင့်မှုကာလအတွင်း CH-47 အမျိုးအစား ရဟတ်ယာဉ်များနှင့် MV-22 Osprey စစ်လေယာဉ်များကို ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ကျိုဒိုနယူးစ်

ဘာသာပြန် - ဂျေတီ/The Mirror


08 Dec 2020     1,407 Views




RELATED

Most Popular of International News

Most Popular of NEWS