BEC-TERO TV

ရွာနာမည်ကျော်ကြားသော်လည်း ရွာသားများက မလိုလား

08 Dec 2020     1,987 Views


သြစတြီးယား၊ ဆာလ်စ်ဘတ်မြို့အနီးမှာရှိတဲ့ ကျေးရွာလေးတစ်ရွာရဲ့ ရွာသားများဟာ နှစ်ပေါင်းများစွာစုဆောင်းလာသော စိတ်ပျက်စရာမကျေနပ်မှုများက အခုဆို ပေါက်ကွဲလုနီးပါးဖြစ်နေကြပါ ပြီ။ ရွာကို လာရောက်လည်ပတ်ကြတဲ့ ခရီးသည်များဟာ “ဖတ်ကင်း” (Fucking) လို့ခေါ်သော သူတို့ရွာနာမည်ရဲ့ဆိုင်းဘုတ်နဲ့အတူ ဓါတ်ပုံတွေတွဲရိုက်ပြီး ပုံစံအမျိုးမျိုးလှောင်ပြောင်စနောက်ကာ ဆိုရှယ်မီဒီယာမှာတင်ကြလေ့ရှိတယ်။ နောက်ပိုင်း တဖြေးဖြေးနဲ့ပိုဆိုးလာတာက ရွာနာမည်လေးပါနေတဲ့ပစ္စည်း ဘယ်အရာမျိုးမဆို အမှတ်တရအဖြစ်ဆိုပြီး ခိုးယူသွားတတ်ကြတာ ပိုပြီးတွေ့လာရပါတယ်။

ထိုသို့ ဟိုဟိုဒီဒီတွေးစရာ ရွာနာမည်လေးကြောင့် ညစ်ညမ်းဝဘ်ဆိုက် Pornhub ဟာလည်း ကျေးရွာရှိ ရွာသားများအား အခမဲ့ပရီမီယံအသုံးပြုခွင့်ပေးသုံးရန် ကမ်းလှမ်းတောင်းဆိုထားပါသေးတယ်။ ဒါပေမယ့် ရွာသားများက စိတ်မဝင်စားဘဲ ဒီလိုမျိုးနဲ့နာမည်ကျော်ကြားမှုတွေကို မလိုလားအပ်ဘူးလို့ ဆိုကြပါတယ်။ သူတို့ရွာရဲ့အခေါ်ကို “ဖူကင်း” (Fugging) ပါလို့ လူအများသိအောင် ကမ္ဘာကြီးကိုကြွေးကြော်ပြချင်နေပြီး၊ ရွာနာမည်ပြောင်းလဲဖို့ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပါဘူး ။ သို့သော် လာမည့်ဇန်နဝါရီလ ၁ ရက်နေ့မှာ ရွာအမည် “Fugging” ကို တရားဝင်ပြောင်းလဲခေါ်ဝေါ်ပေးသွားရန်စီစဉ်နေကြောင်း မကြာသေးခင်က မြို့တော်ဝန်က ကြေညာသွားပါတယ်။

ခရီးသွားများအတွက်လည်း Check-in လုပ်စရာနေရာနောက်တစ်နေရာ အဆုံးသတ်တော့မယ်လို့ ပြောလို့ရပါတယ်။ အဆိုပါကျေးရွာက ရွာသားများအားလုံးကတော့ လာမည့်သူတို့ရဲ့ရွာနာမည်အသစ်ကို ကျေနပ်ဝမ်းသာနေမှာတော့ အသေအချာပါပဲ ။

#popolay #popolaytv #popolaynews


08 Dec 2020     1,987 Views




RELATED

Most Popular of International News

Most Popular of NEWS