BEC-TERO TV

မန္တလေး Sky Walk အဆောက်အဦးကို အကြီးစားပြုပြင်နေကာ ယခုလကုန်တွင် ပြီးစီးမည်ဖြစ်သော်လည်း ခွင့်ပြုချက်ရမှ ပြန်ဖွင့်မည်

08 Dec 2020     1,383 Views


ဇန်နဝါရီ ၁၇ရက်က မီးဘေး သင့်ခဲ့သောမန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်းနှင့် ၇၈လမ်းနှင့် ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ Sky Walk အဆောက်အဦ အကြီးစားပြုပြင်ခြင်း လုပ်ငန်းများ ယခုလကုန်တွင် ပြီးစီးမည်ဖြစ်သော်လည်း ပြန်လည် ဖွင့်လှစ်ခွင့် ပြုချိန်မှသာ ဖွင့်လှစ်ခွင့်ရမည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဇန်နဝါရီလ ၁၇ ရက်က ရတနာပုံ Super Center အဆောက်အဦ မီးလောင်မှုတွင် ပထမထပ်ရှိ Skywalk ဈေးဝယ်စင်တာမှ ဆိုင်ခန်း ၁၂၅ ခန်းသာ မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း ၁၀၀၁၀ ရှိကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထိုသို့ မီးလောင်ခဲ့သည့် ရတနာပုံ Super Center အဆောက်အဦတစ်ခုလုံးကို ဖြိုချရန်မလိုအပ်ဘဲ မီးလောင်မှုကြောင့် ကြံ့ခိုင်မှု အားနည်းသွားသည့် Sky Walk အထပ်၏ ကြမ်းခင်းပိုင်းနှင့် မျက်နှာ ကျက်များကိုသာ ပြန်လည် ပြင်ဆင်ရန်လိုအပ် သည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက စစ်ဆေး အတည်ပြုပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ အကြီးစား ပြင်ဆင်ပေးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

Skywalk ဈေးဆိုင်ခန်းများကို ပြင်ဆင်ခြင်းလုပ်ငန်းများအနက်မှ မျက်နှာကျက်အမိုးပိုင်း ကွန်ကရစ် လောင်း ပြင်ဆင်မှု များကို ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြီးစားပြင်ဆင်မှု ကုန်ကျစရိတ်များကို မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီနှင့်အတူ Skywalk ဈေးဆိုင်ခန်း များနှင့် ရတနာမောလ်ဆိုင်ခန်းရှင်များက ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo credit


08 Dec 2020     1,383 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS