BEC-TERO TV

မင်းရာဇာ၏ မိန်းမဖြစ်သူ ထောင်ထဲမှာပဲ ကလေးမီးဖွားလိုက်ပြီဖြစ်ကြောင်း သိရ

14 Dec 2020     3,549 Views


သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူဟာဆိုရင် အိမ်အကူမိန်းကလေးကို အဓမ္မကျင့်မှု၊ အက်စစ်ဖြင့်ပက်ကာ နှိပ်စက်ညှဉ်းပန်းမှုတို့ဖြင့် အမှုဖွင့်အရေးယူခံထားရတာဖြစ်ပြီး ထိုအမှုတွင်ပါ၀င်ပတ်သက်ခဲ့သည့် မင်းရာဇာ၏ယောက္ခမဖြစ်သူကတော့ အာမခံရရှိထားတာဖြစ်ပါတယ်။

အမှုရင်ဆိုင်နေရချိန်တွင် မင်းရာဇာ၏ဇနီးဖြစ်သူမှာ ကိုယ်၀န်ရှိနေတာကြောင့် အာမခံပေးရန် သနားသဖြင့် တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပြီး လက်ရှိမှာတော့ မင်းရာဇာ၏မိန်းမမှာ ထောင်တွင်း၌ပင် ကလေးမီးဖွားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကလေးမှာ သားယောကျာ်းလေးဖြစ်ပြီး ကြာသပတေးသားလေးဖြစ်ကြောင်းလည်း သိရသည်။ ထိုအကြောင်းကိုတော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် မင်းဇော်က MC နှင့် အင်တာဗျူးတွင် ပြောကြားထားတာဖြစ်ပါတယ်။

သရုပ်ဆောင် မင်းဇော်မှ ကလေးမွေးဖွားသည့်ရက် အတိအကျကိုတော့ မသိကြောင်းနှင့် ကလေးမှာ ရက်သားလေးသာရှိသေးသည်ဟု ကြားသိရကြောင်းလည်း ပြောပြထားပါတယ်။

သရုပ်ဆောင် မင်းဇော်ဟာဆိုရင် လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ယောက်အနေဖြင့် မင်းရာ၏ တရားရုံးရက်ချိန်းများတွင် သွားရောက်တွေ့ဖြစ်ကြောင်းနှင့် အားပေးစကားများလည်း ပြောဖြစ်ကြောင်း ဆိုသည်။ ယခုချိန်မှာတော့ တရားရုံးများပိတ်ထားတာကြောင့် လူချင်းမတွေ့ရပဲ အဆက်အသွယ်လည်းပြတ်သွားတယ်လို့ ဆိုပါတယ်။

မင်းရာဇာဇာ၏ အမှုနှင့်ပတ်သက်ပြီးလည်း "တရားရုံးက သူ့အလုပ် သူလုပ်ပါလိမ့်မယ်။ ဥပဒေအရ သူ့ဘာသာ ဆက်သွားပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ သူငယ်ချင်းက သူငယ်ချင်းပါပဲ" လို့ ပြောကြားသွားပါတယ်။

Source_MC

(ပိုပိုလေး)

14 Dec 2020     3,549 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS