BEC-TERO TV

သီချင်းအသစ်ကို 2NE1 အဖွဲ့မှ Park Boom နဲ့အတူတွဲဆိုမှာဖြစ်ကြောင်း စိုင်းစိုင်းအတည်ပြု

14 Dec 2020     1,849 Views


အနုပညာဂီတလောကမှာ နှစ်ပေါင်းများစွာအောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ လတ်တလောမှာ Red Light လို့အမည်ရတဲ့ သီချင်းသစ်တစ်ပုဒ်ကို ထွက်ရှိဖို့ပြင်ဆင်နေပြီး နိုင်ငံခြားအဆိုတော်တစ်ယောက်နဲ့ Collab လုပ်ပြီး တွဲဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

Sai Sai နဲ့အတူ တွဲဆိုမယ့်အဆိုတော်ဟာ တောင်ကိုရီးယားရဲ့နာမည်ကျော် 2NE1 အဖွဲ့မှ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တယ်လို့ သတင်းတွေထွက်ရှိနေပြီး ပရိသတ်တွေကလည်း ဘယ်သူများဖြစ်မလဲလို့ သိချင်နေကြတာပါ။

ဒီကနေ့မှာတော့ စိုင်းစိုင်းက သူနဲ့အတူတွဲဆိုမယ့် အဆိုတော်ဟာဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ စိုင်းစိုင်းဟာ အသစ်ထွက်ရှိလာမယ့် Red Light သီချင်းကို 2NE1 အဖွဲ့ဝင်ဟောင်း Park Boom နဲ့တွဲဆိုသွားမှာဖြစ်ပါတယ်။ ဒီသီချင်းဟာ စိုင်းစိုင်းအတွက်ရော Park Boom အတွက်ပါ ပထမဆုံးသော ပြည်ပနိုင်ငံရပ်ခြားက အဆိုတော်နဲ့ Collaboration လုပ်ပြီးတွဲဆိုတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာမှာပါ။

Park Boom ဟာ 2NE1 အဖွဲ့ပြိုကွဲသွားပြီးနောက် အနုပညာအလုပ်ကို ရပ်နားသွားခဲ့ပြီး ၂၀၁၉ ခုနှစ်စလို့ တစ်ကိုယ်တော် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင်လည်း သီချင်းအယ်လ်ဘမ်အသစ်ထွက်ရှိထားတာ အနည်းငယ်ကြာမြင့်နေခဲ့ပြီး မကြာမီရက်ပိုင်းမှာပဲ Park Boom နဲ့ တွဲဆိုထားတဲ့ Red Light သီချင်းလေးကို ထွက်ရှိတော့မှာဖြစ်ပါတယ်။

စိုင်းစိုင်းကိုယ်တိုင်သာမက ပရိသတ်တွေကလည်း ထိုအတွက်ကို ရင်ခုန်စိတ်လှုပ်ရှားနေကြတာကို မြင်တွေ့ရပါတယ်။

(ပိုပိုလေး)

14 Dec 2020     1,849 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS