BEC-TERO TV

ကြက်တောင်ရိုက်ရာမှ မျက်လုံးတစ်ဖက်ထိခိုက်ပြီး ခွဲစိတ်မှုပါပြုလုပ်ရမယ့် နီလန်း

18 Dec 2020     3,742 Views


မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှတစ်ဆင့် အနုပညာလောကထဲဝင်ရောက်လာတဲ့ အဆိုတော် နီလန်းကတော့ ဆောင်းတွင်းဖက်မှာ ကိုယ်လက်လှုပ်ရှားအားကစားအဖြစ် ကြက်တောင်ရိုက်ရာမှ မတော်တဆ မျက်လုံးတစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

သူမအနေဖြင့် ကြက်တောင်ရိုက်အားကစားကို တစ်ခါမှလုပ်ဖူးခြင်းမရှိပဲ ယခုဆော့ကစားမိတဲ့အချိန်မှာတော့ မတော်တဆ ညာဖက်မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ မျက်လုံးဒဏ်ရာကြောင့် လတ်တလော လက်ခံထားတဲ့အလုပ်များကိုလည်း ရွှေ့ဆိုင်သွားရမှာဖြစ်ပြီး မျက်လုံးခွဲစိတ်မှုပါ ပြုလုပ်ရမည့်အကြောင်းကို နီလန်းက သူမရဲ့ဖေ့စ်ဘွတ်ကနေ ရေးသားဖော်ပြထားပါတယ်။

“ဒီနေ့ တစ်ခါမှမရိုက်စဖူး ကြက်တောင်သွားရိုက်ရင်း မျက်လုံး ထိခိုက်မိတာကြောင့် လက်ခံထားသော Live Sale များအားလုံး ကို ရက်ရွှေ့ဆိုင်းခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည်။ တနင်္ဂနွေနေ့တွင် မျက်စိ ခွဲစိတ်မှု့ပြုလုပ်မည် ဖြစ်ပါသောကြောင့် အလုပ်ကိစ္စနှင့်ပတ်သတ်သည်များအား လတ်တလောတွင် ခေတ္တ ခဏ ဆိုင်းငံ့ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်” လို့ ရေးသားအသိပေးထားပါတယ်။

(ပိုပိုလေး)


18 Dec 2020     3,742 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS