မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ဗိသုကာပိုင်းဆိုင်ရာမှ သုတေသနစီမံကိန်းတစ်ခု ရေးဆွဲဆောင်ရွက်နေ
21 Dec 2020 1,651 Views

COVID-19 ကပ်ရောဂါကာလအလွန်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် ဗိသုကာပိုင်းဆိုင်ရာမှ သုတေသနစီမံကိန်းတစ်ခုကို ရေးဆွဲဆောင်ရွက်နေပြီး မြန်မာနိုင်ငံအပါအဝင် ဘယ်လ်ဂျီယံ၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံအစရှိသော နိုင်ငံပေါင်း(၅)နိုင်ငံတို့မှ မိမိတို့ ဒေသတစ်ခုချင်းစီအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာစီမံကိန်း "Resilient Local Tourism" ကို ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
အဆိုပါသုတေသနစီမံကိန်းတွင် ဒေသများအလိုက် ထင်ရှားသောပြယုဂ်နှင့် ရှေးဟောင်း အမွေအနှစ် လက်ရာများအား လေ့လာနိုင်စေရေး၊ အများပြည်သူများ စိတ်လက်အေးချမ်းစွာ သွားရောက်လည်ပတ် နိုင်စေရေး၊ နေ့စဉ်ဖြတ်သန်းနေရသော ဘဝများတွင် New Normal ပုံစံဖြင့် သဟဇာတညီစွာ သွားလာလှုပ်ရှားနိုင်ရေး၊ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေအောင်ပြန်လည်ဖော်ဆောင်နိုင်ရေး အစရှိသော အချက်များပေါ်မူတည်ပြီး ဆွေးနွေးကြမည်ဖြစ်ကာ လာမည့် (၂၀၂၁)ခုနှစ်၊ မတ်လတွင် စီမံကိန်း အပြီးသတ်ရေးဆွဲရန် မျှော်မှန်းထားကြောင်း သိရသည်။
Photo credit