BEC-TERO TV

မြန်မာ့ရေပိုင်နက်တွင်စွန့်ပစ်ခဲ့သည့် ဗီယက်နမ် ဓာတုပစ္စည်းတင်သင်္ဘော

21 Dec 2020     1,433 Views


မြန်မာ့ပင်လယ်ပြင် တွင်စွန့်ပစ်ခဲ့သည့် ဓာတုပစ္စည်းတင် ဗီယက်နမ်သင်္ဘောဖျက်သိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် တင်ဒါခေါ်ယူသည်။ ဗီယက်နမ်တွင် မှတ်ပုံတင်ထားသည့် M.T Viet Tin Lucky သင်္ဘောကို ၂၀၂၀ ဇန်န ဝါရီ ၁၇ ရက်တွင် ရေယာဉ်မှူးနှင့် သင်္ဘောသားများက မြန်မာရေပိုင် နက်တွင်စွန့်လွှတ်ကြောင်းကြေညာခဲ့၍ မြန်မာနိုင်ငံက တာဝန်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ထိုသင်္ဘောကိုပိုင်ဆိုင်သည့် Viet Trust Shipping Corp ကုမ္ပဏီသို့ ဗီယက်နမ်သံရုံးနှင့် အလံတင်နိုင်ငံအစိုးရကတစ်ဆင့် အကြောင်းကြားခဲ့ပြီး ပြီးခဲ့သည့် မေလက နောက်ဆုံးအကြိမ် အ ကြောင်းကြားခဲ့သော်လည်း ကုမ္ပဏီဘက်က တာဝန်ယူဆောင်ရွက်ခြင်းမရှိခဲ့ဟု သိရသည်။

ထို့ကြောင့် အဆိုပါသင်္ဘော ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲ ရောင်းချမည်ဟု ဦးစီးဌာနက ကြေညာခဲ့ပြီး စိတ်ဝင်စားသူများ သည် ဌာနရုံးချုပ်တွင် ၂၀၂၁ ဇန်နဝါရီ ၁၉ ရက်တွင် တင်ဒါ နောက်ဆုံးတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။ အရှည် ၁၀၉ ကီလိုမီတာ၊ အကျယ် ၁၈ ဒသမ ၂ မီတာနှင့် အနက် ရှစ်မီတာခွဲရှိသည့် အဆိုပါသင်္ဘောကို ၁၉၉၆ တွင် ကိုရီး ယား SHINYOUNG Ship-building Industry ၌ တည် ဆောက်ခဲ့ပြီး သက်တမ်း ၂၄ နှစ်ရှိပြီဖြစ်သည်။


21 Dec 2020     1,433 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS