ကိုဗစ်ကာလအတွင်း ဆင်များ အစာအခက်ကြုံနေ
24 Dec 2020 2,140 Views

ပြင်ဦးလွင်မြို့၊ ကျွဲနဖား ကြိုးဝိုင်းအတွင်းက ဝါးနက် ဆင်စခန်းဟာ အပန်းဖြေဆင်စခန်းတစ်ခုပါ။ ဒီဆင်စခန်းမှာ ဆင်ကောင်ရေ (၆) ကောင်ရှိပြီး အငယ်ဆုံး (၇) နှစ် မှ အကြီးဆုံး (၁၃) နှစ် အထိဖြစ်ပါတယ်။ ကိုဗစ်ကာလမတိုင်ခင်ကတော့ လာရောက်လည်ပတ်သူတွေရှိလို့ ဆင်တွေရဲ့ အစာ အခက်အခဲမရှိခဲ့ပေမယ့် အခုတော့ ကိုဗစ်ကြောင့်လာရောက်လည်ပတ်သူတွေလည်းမရှိလို့ ဆင်တွေမှာ ကျွဲနဖား သစ်တော ကြိုးဝိုင်းအတွင်း သဘာဝအတိုင်း အစာရှာဖွေစားသောက်နေကြရပါတယ်။
Photo credit : Kaung Zaw Hein/MPA







