BEC-TERO TV

နှလုံးရောဂါမဖြစ်ခင် ခန္ဓာကိုယ်မှာ သတိပေးလက္ခဏာများ

24 Dec 2020     1,417 Views


လူခန္ဓာကိုယ်တွင် ဖွဲ့စည်းတည်ဆောက်ထားသော အင်္ဂါရပ်များတွင် နှလုံးသည်လည်း အဓိကအရေးကြီးသော အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် လူတိုင်းလူတိုင်း နှလုံးရောဂါမဖြစ်ခင်နှလုံးကိုတိုက်ခိုက်ခံနေရပြီဆိုရင် ရှေ့ပြေးအနေနဲ့ လက္ခဏာတစ်ချို့ကို ခန္ဓာကိုယ်မှာဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း စိတ်ဖိစီးမှုနည်းတဲ့ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ဘဝနေထိုင်မှုပုံစံကို နေထိုင်ရန်အတွက် အောက်ပါ လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။
 

(၁) မောပန်းနွမ်းနယ်ခြင်း

    မောပန်းနွမ်းနယ်နေတာက နှလုံးတိုက်ခိုက်ခံရတော့မယ့် လက္ခဏာတစ်ခုပါပဲ။ နှလုံးထဲကို သွေးရောက်ရှိမှုနည်းနေတာကြောင့်ပါ။ သွေးကြောတွေ ကျဉ်းနေတာကြောင့် နှလုံးထဲသွေးရောက်ရှိမှု နည်းနေတဲ့အတွက် နှလုံးက ပုံမှန်ထက်ပို အလုပ်လုပ်နေရတာပါ။
 

(၂) အားနည်းနေခြင်း

     သွေးကြောတွေကျဉ်းမြောင်းနေတဲ့အတွက် သွေးလှည့်ပတ်မှုအဖွဲ့အစည်းမှာ သွေးအရောက်နည်းတာကြောင့် ခန္ဓာကိုယ်အားနည်းနေရတာဖြစ်ပါတယ်။ ကြွက်သားတွေ အားနည်းလာတဲ့ အတွက် အလွယ်တကူ လိမ့်ကျနိုင်ပါတယ်။
 

(၃) ရင်ဘတ်လေးလံနေခြင်း

     သင့်ရင်ဘတ်ပေါ်မှာ တစ်ခုခုနဲ့ ဖိထားသလို လေးလံနေတာ ဒါမှမဟုတ် ရင်ဘတ်အောင့်နေတာက  နှလုံးတိုက်ခိုက်ခံရတော့မယ့် လက္ခဏာ တစ်ခုပါပဲ။ လေးလံနေတာ၊ နာကျင်နေတာကလက်မောင်း၊ ပခုံးနဲ့ နောက်ကျောလိုမျိုးခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ပြောင်းရွှေ့သွားတတ်ပါတယ်။
 

(၄) ခေါင်းမူးခြင်းနှင့် ချွေးစေးထွက်ခြင်း

      ခေါင်းမူးတာနဲ့ ချွေးစေးထွက်တာက နှလုံးတိုက်ခိုက်ခံရတော့မယ့်  တခြားလက္ခဏာတစ်ခုပါ။ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှု နည်းနေတဲ့ အတွက် ဦးနှောက်ထဲကိုလည်း သွေးရောက်ရှိမှု နည်းသွားတာကြောင့်ပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေကို သေချာစီမံ နိုင်ဖို့အတွက် သွေးလုံလုံလောက်လောက် ရရှိဖို့ လိုအပ်တာကြောင့်ပါ။
 

(၅) အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်ခြင်း

    သင်ဟာ အအေးမိတုပ်ကွေးလိုမျိုး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေခဲ့ရင် နှလုံးတိုက်ခိုက်ခံရနိုင်ခြေလည်းများနေပါပြီ။ လူအများစုက နှလုံးတိုက်ခိုက်မခံရခင်မှာ အအေးမိ ဒါမှမဟုတ် တုပ်ကွေးလိုမျိုး လက္ခဏာတွေဖြစ်တတ်တာကြောင့်ပါ။
 
Credit:

24 Dec 2020     1,417 Views




RELATED

Most Popular of Health Fix

Most Popular of Life Style