BEC-TERO TV

စင်ကာပူတွင် ကိုဗစ်ဗီဇကွဲအသစ်ရောက်ရှိ

24 Dec 2020     1,426 Views


ယူကေနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကူးစက်လွယ်ကူတဲ့ B117 ဗီဇကွဲဗိုင်းရပ်စ်အသစ်ကို စင်ကာပူနိုင်ငံသူတစ်ယောက်မှာစတွေ့ပါတယ်။ အခုထိတော့ အဲ့ဒီ B117 မျိုးစိတ်သစ်ဟာ စင်ကာပူနိုင်ငံလူထုအတွင်းမှာကူးစက်ပြန့်နှံ့မှုမတွေ့ရသေးပါဘူး။ အခုပိုးတွေ့တဲ့ အသက် ၁၇ နှစ်ရှိအမျိုးသမီးဟာ case 58504 ဖြစ်ပြီး ယူကေနိုင်ငံမှာ ပညာသင်ကြားခဲ့တာပါ။

သူမဟာ စင်ကာပူကို ဒီဇင်ဘာလ ၆ ရက်နေ့ကပြန်ရောက်ခဲ့ပြီး သတ်မှတ်တဲ့ Q နေရာမှာနေထိုင်နေတာပါ။ ဒီဇင်ဘာ ၇ ရက်နေ့မှာ အဖျားတက်ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ကိုဗစ်ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူမနဲ့ထိတွေ့ခဲ့သူအကုန်လုံးကို အစိုးရက Q ဝင်ခိုင်းကာ အသွားအလာကန့်သတ်ခဲ့ပါတယ်။

စင်ကာပူအစိုးရက အခုလိုကူးစက်လွယ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲအသစ်ကို တားဆီးဖို့ ယူကေနိုင်ငံနဲ့ ခရီးသွားကန့်သတ်မှုတွေပြုလုပ်နေပါတယ်။

Credit : Richard Myo Thant


24 Dec 2020     1,426 Views




RELATED

Most Popular of International News

Most Popular of NEWS