BEC-TERO TV

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ခြေလျင်တောင်တက်လမ်း ယာယီပိတ်ထား

24 Dec 2020     1,504 Views


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် COVID-19 စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၁ ရက်မှ စတင်ပြီး တောင်တက် မော်တော်ယာဉ်လိုင်းနှင့် Cable ကားလိုင်းတို့ကို ပိတ်ထားခဲ့ကြောင်း သိရသည်။

ခြေလျင် တောင်တက်လမ်းကိုမူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆက်လက်ဖွင့်လှစ်ထားကြောင်း၊ ယခုအခါ ခြေလျင်တောင်တက်လမ်းကို ဒီဇင်ဘာလ ၂၂ ရက်မှ စတင်ပြီး ယာယီပိတ်ထားကြောင်း၊ Christmas နှင့် နှစ်သစ်ကူးကာလတွင် လူစုလူဝေး မဖြစ်စေရေးနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်မည့် အချိန်ကို အသိပေးကြေညာမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက COVID-19 ရောဂါကြောင့် ကျိုက်ထီးရိုးစေတီတော် ပွဲတော်ကို မတ်လ ( ၂၁)ရက်တွင် စတင်ရပ်ဆိုင်းခဲ့ကြောင်း၊ တောင်ပေါ်ရှိ လုပ်ငန်းလုပ်ကိုင်နေသူများ အားလုံးကို မတ်လ (၂၇) ရက် နောက်ဆုံးထား ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း၊ ဈေးဆိုင်များ၊ တည်းခိုခန်း လုပ်ငန်းများ ရပ်နားခဲ့ကြောင်း၊ တောင်တက်ကားများကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

Photo credit


24 Dec 2020     1,504 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS