BEC-TERO TV

ဂျပန်က နည်းပညာမြင့်အသွင်ပြောင်းမျက်နှာဖုံး

24 Dec 2020     1,437 Views


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဂျပန်ရှိလက်လီအရောင်းဆိုင်တော်တော်များများဟာ ဆက်လက်ရပ်တည်နေထိုင်ဖို့ ဖောက်သည်များအတွက်လည်း ကြိုက်နှစ်သက်ပြီး၊ အသစ်အဆန်းလည်းဖြစ်နေရမယ့် နည်းဗျူဟာအသစ်များကို အမြဲတမ်းတီထွင်ကြံဆနေလျက်ရှိပါတယ်။

၎င်းစီးပွားရေးလုပ်ငန်းများထဲမှ လူမျက်နှာအစစ်လို တစ်ထပ်တည်းဆင်တူတဲ့ မျက်နှာဖုံးများကို ထုတ်လုပ်ရောင်းချတဲ့စီးပွားရေးတစ်မျိုးကိုဖော်ပြချင်ပါတယ်။ ထို အိုင်ဒီယာလေးကို စတင်ရခဲ့သော တိုကျိုက စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ယခုလိုပဲပြောလာပါတယ် “လျှောက်ထားသူအယောက် ၁၀၀ ကျော်စီကနေ ဓါတ်ပုံများလက်ခံပြီး၊ အရွေးခံဓါတ်ပုံများကို 3D Printer စက်ဖြင့်ဖန်တီးတီထွင်ပြီးနောက် ဂျပန်လူမျိုးတစ်ဦး၏မျက်နှာပုံစံအချိုးအစားများကိုရရှိလာတာဖြစ်ပါတယ်။

ပလတ်စတစ်ဆာဂျူရီခွဲစိတ်ပြုပြင်စရာမလိုဘဲ သူများမျက်နှာနဲ့အသွင်ပြောင်းချင်တဲ့သူတွေအတွက် ဒီမျက်နှာဖုံးနဲ့ အကြိုက်တွေ့ပြီလည်း ဖြစ်ပါတယ် ။ အပျော်တမ်းစွပ်မလား ဒါမှမဟုတ် Fancy အတွက်စွပ်မလားဆိုတာကတော့ ကိုယ့်သဘောနဲ့ကိုယ်ပါ။

ဒါပေမယ့် စွပ်ပြီး ဥပဒေနဲ့မလွှတ်ကင်းတဲ့လုပ်ရပ်မျိုးတွေတော့ မလုပ်ကြပါနဲ့။ စိတ်ဝင်စားတဲ့သူတွေအတွက် ပိုက်ဆံအိတ်လေးမှ ရမယ်နော်၊ စျေးတော့ နည်းနည်းကြီးတယ်။ တစ်ခုမှာ ယန်း ၉၈,၀၀၀ ပေးရပြီး၊ စျေးကြီးပေးဝယ်ရပေမယ့်လည်း ကိုဗစ်ကိုမကာကွယ်နိုင်ဘူးလို့ သိရပါတယ်။

#popolay #popolaytv #popolaynews


24 Dec 2020     1,437 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS