BEC-TERO TV

မြန်မာ့ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခ တပ်တော်ဝင်သတ်မှတ်

24 Dec 2020     2,354 Views


မြန်မာ့တပ်မတော် (ရေ)ရဲ့ ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်မှာ ကျရောက်တဲ့ (၇၃) နှစ် ပြည့်နေ့မှာ မြန်မာ့တပ်မတော်(ရေ)ရဲ့ ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူကို တပ်တော်ဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တပ်မတော်(ရေ)ရဲ့ (၇၃)နှစ်ပြည့် အခမ်းအနားမှာ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အပါအဝင် ရေယာဉ် (၇) စီးကို တပ်တော်ဝင်သတ်မှတ်ခဲ့တာပါ။

မြန်မာနိုင်ငံ၏ပထမဦးဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူဟာ ကီလိုကလပ်စ်အမျိုးအစားဖြစ်ပြီး အခြားရေယာဉ်တွေကတော့ (၆၃)မီတာ ရေငုပ်သဘောတိုက်ဖျက်ရေးရေယာဉ် ၂စီး၊ (၄၉)မီတာ အမြန်သွားတိုက်ဖျက်ရေးရေယာဉ် ဒုံးပျံ(၁)စီး၊ (၅၆)မီတာ တင့်ကာတင် ကမ်းထိုးရေယာဉ်တစ်စီးနဲ့ (၂၆)မီတာ တွဲဆွဲရေယာဉ်နှစ်စီးတို့ဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်မတော်အရာရှိကြီးတွေနဲ့အတူ အိန္ဒိယ နိုင်ငံက ရေတပ်သံမှူးတွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

Photo credit


24 Dec 2020     2,354 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS