BEC-TERO TV

ကိုယ်တွင်း ကလီစာတွေကို အနားပေးဖို့ Detox Water သောက်ကြစို့

25 Dec 2020     1,385 Views


လူမှုပတ်ဝန်းကျင်ရှိ လူတိုင်းဟာဆိုရင် မိမိတို့ ကြိုက်နှစ်သက်သော အစားအစာအစာများဟာ ခန္တာကိုယ်အတွက် ကျန်းမာရေးကို သတိမပြုမိပဲ အချိန်တိုင်း စားကြသောက်ကြနဲ့ မိမိကိုယ်ကို တကယ်ချစ်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ပိုက်ဆံအကုန်အကျသက်သာပြီး မိမိကိုယ်တိုင် အိမ်မှာပြုလုပ်လို့ရနိုင်မည့် Detox Water လုပ်နည်းလေးကိုပြောပြချင်ပါတယ်။ 
 

1. Apple Cinnamon Detox Water 

သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို  စိမ်ပြီးသောက်ခြင်း
 

2. Cucumber Lemon Mint Detox Water  

သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ်  Lemon  ပါးပါးလှီးထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း
 

3. Strawberry Detox Water  

သောက်ရေထဲကို စတော်ဘယ်ရီသီးလေးများ စိမ်၍ သောက်ခြင်း
 

4. Simple Detox Water  

သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထည့်၍ သောက်ခြင်း
 

5. Apple Cider Vinegar Detox Water 

သောက်ရေထဲကို ACV (ဗီနီဂါ) အနည်းငယ်ထည့်၍ သောက်ခြင်း
 

6. Weight Loss Detox Water 

Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှည့် နည်းနည်းရယ် သခွားသီး  နည်းနည်းရယ် ထည့်ပြီး သောက်ခြင်း
 
ဒါတွေအားလုံးကို လုပ်ဖို့မလိုပါနော်။ ကိုယ်ကြိုက်နှစ်သက်တဲ့နည်းလေးတွေကို တစ်ပါတ်မှာ တစ်ရက် ( သို့ ) တစ်လမှာ တစ်ပါတ် Detox လုပ်သောက်ခြင်းဖြင့် အဓိအားဖြင့် အသည်းနှင့် ကျောက်ကပ်ကို သန့်စင်စေပြီး ခန္ဓာကိုယ်တွင်း ကလီစာများကို အနားရစေကာ ကျန်းမာမှုကို ရရှိစေပါတယ်။ 
 
တစ်ရက်ဆိုတဲ့အဓိပ္ပါယ်က Detox လုပ်မယ့် တစ်ရက်လုံး အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ရမှာပါ။ တခြား ဘာအစားအစာမှ စားသုံးလို့မရပါဘူး။ တကယ်လို့ တစ်နေကုန် Detox မလုပ်နိုင်ခဲ့ရင်လည်း Simple Detox Water ကို ရေသောက်မယ့်အစား ( သို့ ) အချိုရည် ( သို့ ) ကော်ဖီတွေ သောက်မယ့်အစား သောက်သုံးပေးလို့ရပါတယ်။ ကဲဒီလောက်တောင် ခန္ဓာကိုယ်အတွက် အကျိုးပြုပေးနေပြီဆိုတော့ အခုပဲ စမ်းပြီး သောက်ကြည့်ဖို့ပြောချင်ပါတယ်.....
 
Credit:

25 Dec 2020     1,385 Views




RELATED

Most Popular of Health Fix

Most Popular of Life Style