BEC-TERO TV

လှတစ်မျက်နှာဖြစ်ဖို့ ရေခဲတုံးကို အသုံးပြုစို့

26 Dec 2020     1,939 Views


ဒီတစ်ခါမှာတော့ လှတစ်မျက်နှာလေးဖြစ်ဖို့ မျက်နှာကိုကုသတဲ့ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ  ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။
 

(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်

ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။ 
 

(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း

မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင်ပါတယ်။
 

(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်

ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။
 

(၄)  Toner အဖြစ်လည်း အသုံးပြုနိုင်ပါတယ်

မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။
 

(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်

အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန်မရှိဘူးဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်လင်လာပြီး သဘာဝ မျက်နှာ ပုံစံဖြင့် သွားနိုင်ပါတယ်။
 

(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

 ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။
 
 အဲဒီ အတွက်ကြောင့် လှတစ်မျက်နှာဖြစ်ဖို့ ရေခဲတုံးကို အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။
 
(ပိုပိုလေး)

26 Dec 2020     1,939 Views




RELATED

Most Popular of Health Fix

Most Popular of Life Style