BEC-TERO TV

လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် မဟာဗန္ဓုလပန်းခြံတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်

28 Dec 2020     1,433 Views


၂၀၂၁ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပြုလုပ်ရန် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။ လာမည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် (၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အစမ်းလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုဗစ်စည်းကမ်းများနှင့်အညီ လူဦးရေလျော့ချကာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်က တက်ရောက်အင်အားသည် ခရိုင်လေးခုမှ အင်အား ၁၀၀၀ ကျော်တက် ရောက်ပေမယ့် ယခုနှစ် ကိုဗစ်ကာလဖြစ်သည့်အတွက် တက်ရောက်အင်အား ၁၀၀ ကျော်ပဲရှိမယ်လို့ သိရပါသည်။

Photo credit


28 Dec 2020     1,433 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS