BEC-TERO TV

မဟာချိုင်က မြန်မာကိုဗစ်လူနာများအတွက် ထိုင်းဘာသာတတ်သည့် စေတနာ့ဝန်ထမ်းများ လိုအပ်

28 Dec 2020     1,400 Views


ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်ဧရိယာအတွင်း ကိုဗစ်အတည်ပြုလူနာတွေကို ဆေးကုသမှုပေးရာမှာ စကားပြန်အဖြစ် ကူညီဖို့ ထိုင်းဘာသာစကားတတ်ကျွမ်းတဲ့ မြန်မာစေတနာ့ဝန်ထမ်းတွေကို လိုအပ်လျက်ရှိတယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာအလုပ်သမားတွေ အများအပြားနေထိုင်တဲ့ မဟာချိုင်ဧရိယာအတွင်း ကိုဗစ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့နဲ့ ပိုးတွေ့လူနာတွေအတွက် ယာယီဆေးရုံ၊ ဆေးဝါးကုသမှုဆောင်ရွက်မယ့်ကာလအတွင်း ထိုင်းကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဘာသာစကားပါ ကျွမ်းကျင်သူတွေကို စေတနာ့ဝန်ထမ်းအဖြစ် ခေါ်ယူတာဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းစကားပြန်အဖြစ် ဆောင်ရွက်လိုတဲ့ စေတနာ့ဝန်ထမ်းတွေဟာ အလုပ်သမားသံအရာရှိရုံးနဲ့ မဟာချိုင်က သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်စုဆောင်းရေးဌာနထံကို ဆက်သွယ်နိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

စကားပြန် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လူတွေ၊ ပစ္စည်းလှူဒါန်းလိုသူတွေအနေနဲ့ အလုပ်သမားသံအရာရှိ (ဗန်ကောက်) ဖုန်း- 09 4884 5484 နှင့် 06 5220 6952 နဲ့ ယာယီအချက်အလက်ကောက်ယူရေးဌာန (မဟာချိုင်) ဖုန်း- 06 6139 3475နှင့် 08 0583 2247 တို့မှာ ဆက်သွယ်နိုင်တယ်လို့ အလုပ်သမားသံအရာရှိရုံးက ဆိုပါတယ်။


28 Dec 2020     1,400 Views




RELATED

Most Popular of International News

Most Popular of NEWS