BEC-TERO TV

ဘူးလက်လှဆွေ လာရောက်အဖမ်းခံပြီ

28 Dec 2020     1,746 Views


နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ - ကဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးလှဆွေသည် ယနေ့ နံနက်တွင် လာရောက်အဖမ်းခံခဲ့ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ “ လာရောက်အဖမ်းခံတာဟုတ်တယ်။

သူ့ကိုတရားရုံးကိုခေါ်သွားပြီ”ဟု ၎င်းက ပြောသည်။ ဦးလှဆွေသည် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရာမှ ယနေ့တွင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်။ အစိုးရအဖွဲ့အပေါ်ထိခိုက်စေသည့်ဟောပြောမှုကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဟောင်းဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ - ကဖြင့် အရေးယူပေးရန် အနောက်ပိုင်းခရိုင် တရားရုံးတွင် တိုင်ကြားထားသည်။

ဦးလှဆွေကို အရေးယူပေးရန် ကျောက်တံတားမြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ၂၀၁၉ သြဂုတ် ၆ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားတိုင်ကြားခြင်းဖြစ်သည်။ ဦးလှဆွေသည် ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ဂန့် ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။


28 Dec 2020     1,746 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS