BEC-TERO TV

ဂျပန်က ပြည်ပနိုင်ငံသားအားလုံးကို ဝင်ခွင့်ပိတ်

28 Dec 2020     1,685 Views


ကူးစက်နှုန်းပိုမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြည်ပနိုင်ငံသားအားလုံးကို ဂျပန်က ဒီဇင်ဘာ (၂၈)ရက် တနင်္လာနေ့ကစပြီး ဇန်နဝါရီလကုန်ထိ ပြည်ဝင်ခွင့် ပိတ်ပါတော့မယ်။ ဗြိတိန်နဲ့ တောင်အာဖရိက ကလာတဲ့ ပြည်ပနိုင်ငံသားတွေကိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တည်းက ပိတ်ပင်ခဲ့ပြီးသားပါ။

ဗြိတိန်က ငါးဦးမှာ ဗိုင်းရပ်မျိုးကွဲသစ်ကူးစက်ကြောင်း ဂျပန်လေဆိပ်မှာ စစ်ဆေးတွေ့ရှိပြီး တိုကျိုမြို့တွင်း နောက်ထပ်နှစ်ဦးမှာ အလားတူတွေ့ရှိပြီးနောက်မှာ ပိတ်ပင်မှုတွေ စတင်လာတာပါ။ နိုဝင်ဘာကစပြီး ဂျပန်နိုင်ငံသားနဲ့ ဂျပန်မှာ အခြေချနေထိုင်သူ နိုင်ငံခြားသားတွေကို ကွာရန်တင်း ၁၄ ရက် ရေတို ကင်းလွတ်ခွင့်ပြုထားတာကိုလဲ ခုတော့ ဆိုင်းငံ့ထားလိုက်ပါပြီ။

ဂျပန်ကို ဝင်ရောက်လာသူတွေဟာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း နဂ္ဂတစ် (ကိုဗစ်-၁၉ မတွေ့ရှိကြောင်း) အထောက်အထားယူဆောင်လာရမှာဖြစ်ပြီး ရောက်ရောက်ချင်း ရက်သတ္တနှစ်ပတ် တဦးတည်း သီးခြား ခွဲပြီး နေထိုင်ရဦးမှာပါ။ ဂျပန်မှာ နိုဝင်ဘာကစလို့ ကူးစက်မှု မြင့်တက်လာပြီး လူဦးရေ ၁၂၆ သန်းကျော်ရှိတဲ့ ဒီနိုင်ငံမှာ စုစုပေါင်း ကူးစက်မှု ၂၁၇,၃၁၂ ရှိပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီကထက် ၃,၇၀၀ တိုးလာတာပါ။ သေဆုံးသူကတော့ ၃,၂၁၂ ရှိပါပြီ။

အားလပ်ရက်ကို တိတ်တိတ်ဆိတ်ဆိတ် ကျော်ဖြတ်ကြဖို့ အစိုးရ တာဝန်ရှိသူတွေက နှိုးဆော်နေတဲ့ကြားကပဲ တိုကျိုမှာတင် တရက်အတွင်း ကူးစက်မှု ၉,၄၉ ခု ထပ်တွေ့လို့ စံချိန်သစ်တင်ပါတယ်။ ။

Source : AP

One News


28 Dec 2020     1,685 Views




RELATED

Most Popular of International News

Most Popular of NEWS