BEC-TERO TV

မုဒုံတွင် စိတ်ကြွမူးယစ်ဆေးဝါး ၁ သိန်းကျော်၊လက်နက်ခဲယမ်းမျိုးစုံနှင့်အတူ တရားခံ ၇ ဦး အား ဖမ်းဆီးရမိ

28 Dec 2020     1,412 Views


ယမန်နေ့ည ၉ နာရီဝန်းကျင်က မွန်ပြည်နယ်ရဲတပ်ဖွဲမှူးရုံး မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ဇော်ထိုက် ရဲအုပ်နိုင်လင်း‌အောင်ရဲအရာခံ မျိုးကျော်ကျော် ရဲတပ်ကြပ်ကြီး အောင်၀င်းနိုင် ရဲတပ်ကြပ်အေးမင်းထွန်း ရဲတပ်ကြပ်အောင်မျိုးဦး မုဒုံစခန်းမှ ရဲတပ်ဖွဲ၀င်များနဲ့အတူမူးယစ်ဆေးဝါးသတင်းအရ မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာမော်လမြိုင် သံဖြူဇရပ်သွား ကားလမ်းမပေါ်အပါးချမ်း စက်သုံးဆီဆိုင်အနီးတွင် စောင့်ဆိုင်းနေစဉ်သံဖြူဇရပ်ဘက်မှ မလမဘက်မောင်းနှင်းလာသော တပ်ခွဲ (၃)ယာဉ်နံပတ်ပြားတပ်ဆင်လျှက်မော်တော်ယာဉ်ပေါ်မှ Probox အမျိုးစား အပြာရောင်မော်တော်ယာဉ်အား စက်သုံးဆီဆိုင်‌အကျော်တွင် ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် စိတ်ကြွမူးယစ်ဆေးဝါး ၁ သိန်းကျော်၊လက်နက်ခဲယမ်းမျိုးစုံအား တရားခံ ၇ ဦး ယာဉ်၂ စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရပါသည်။

ဓါတ်ပုံ-ရဲတပ်ဖွဲ့


28 Dec 2020     1,412 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS